Zawgyi
What Should I Do if the School Bully is Interested in Me
Ch44 - No Questions Allowed When Kissing
အဲဒီည ကျိလျောင်အိမ်ပြန်ရောက်တော့ ရွှီအိုက်ဝမ်က ဆိုဖာပေါ်မှာထိုင်ကာ တီဗွီကြည့်နေတာကို မြင်လိုက်ရတယ်။ တီဗွီကြည့်နေတယ်ဆိုပေမယ့်လည်း သူမအမူအယာက နည်းနည်းလေးတောင် စိတ်အေးသက်သာ ရှိမနေဘူး။ သူ့အိမ်ပြန်အလာကို စောင့်နေတဲ့ပုံပေါက်နေတယ်။
ကျိလျောင် နှလုံးခုန်နှုန်းတွေ မြန်လာတယ်။
"ဒီနေ့အလုပ်က ဘယ်လိုလဲ"
ရွှီအိုက်ဝမ်က သူ့ကို ဖျတ်ခနဲကြည့်လိုက်တော့ ဟိုကောင်လေးရဲ့ကုတ်အင်္ကျီက သူ့အပေါ်မှာ မရှိတော့မှန်း မြင်သွားတယ်။သူကခုတော့ ကိုယ့်အင်္ကျီကိုယ်သာ ဝတ်ထားလေရဲ့။
ကျိလျောင်က သူမ စကားလုံးရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို သဘောမပေါက်မိတာကြောင့် ခပ်အေးအေးပဲ ပြန်ဖြေတယ်။
"အဆင်ပြေပါတယ်"
ရွှီအိုက်ဝမ်ရဲ့မျက်နှာက မဲမှောင်သွားတယ်။ ခဏကြာမှ သူမက ပြောတယ်။
"မနက်ဖြန်ကစလို့ မင်းအလုပ်သွားစရာ မလိုတော့ဘူး"
သူမအသံက ဆွေးနွေးတဲ့ပုံမဟုတ်ပဲ အသိပေးလိုက်တဲ့ ပုံစံမျိုးပဲ။
သူမက တီဗွီကို ပိတ်ပစ်လိုက်တော့ ဧည့်ခန်းထဲမှာ တိတ်ဆိတ်မှုက ကြီးစိုးသွားတယ်။
"ဘာလို့လဲ!"
ကျိလျောင်က ဒီလိုတစ်ဖက်သတ်ဆန်တာမျိုးကို သဘောမတူတဲ့ပုံနဲ့ သူမရှေ့ကို ခြေတစ်လှမ်းတိုးလာတယ်။
ရွှီအိုက်ဝမ်က သူမသားကို စိုက်ကြည့်တယ်။ သူ့မှာ လှပတဲ့မျက်လုံးလေးတွေရယ် ၊ မြင့်မားတဲ့အရပ်အမောင်းရယ်ကို ပိုင်ဆိုင်ထားတယ်။ ဒီထပ်ပိုပြီး အရွယ်ရောက်လာရင် ပိုပြီးချောလာဦးမှာပဲ။ အဲဒါကြောင့် အနာဂါတ်မှာဆိုရင် ကောင်မလေး မရမှာကို ပူစရာကို မရှိဘူး။သူမ မျှော်လင့်ထားတာတစ်ခုတည်းပါ။ သူမသားလေးကို လက်ထပ် ကလေးမွေးပြီး ပုံမှန်ဘဝမျိုး ရှိစေချင်တာ။လူ့အဖွဲ့အစည်းရဲ့ "ဂေး" လို့ ခေါင်းစဉ်တပ်ခံရပြီးတော့ မနှစ်မြို့စရာ အာရုံစိုက်တာကိုခံရမယ့်အစား ရိုးရှင်းတဲ့ ဘဝမျိုးပဲ ဖြစ်စေချင်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။