Ch70 - Do You Like Me That Much?

7.2K 1.1K 87
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch70 - Do You Like Me That Much?

"သွားခွင့်မပြုဘူးကွာ"

ဟယ်ချန်းမင်က ကလေးဆန်ဆန်ဆိုလေတယ်။

သူ့လက်နှစ်ဖက်က စောင်ပါးပါးအောက်ကကျိလျောင်ခါးကို ခပ်တင်းတင်းဖက်ထားသလို သူ့ရဲ့ခြေတံရှည်တွေနဲ့လည်း ခွထားပြီးတော့ တင်းတင်းကြပ်ကြပ်ကို ဖိချုပ်ထားလေတယ်။

ဒီလိုဆို သူပြေးလို့မရတော့ဘူးလေ။

ကျိလျောင်က ရယ်ချင်ပေမယ့် တစ်ချိန်တည်းမှာပဲ ကူကယ်ရာမဲ့စွာ ပြောလိုက်ရတယ်။

"ငါ့အမေ စိုးရိမ်နေလိမ့်မယ်"

သူက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အနည်းငယ်လည်း ဝန်လေးနေမိပေမယ့် သူပြန်မှ ဖြစ်မယ်။ ရွှီအိုက်ဝမ်က သူတို့ချစ်ခြင်းကို နောက်ဆုံးမှာ ခက်ခက်ခဲခဲ လက်ခံပေးထားရတာဆိုတော့ ခုချိန်ခါက အမှားလုပ်လို့မဖြစ်ပေဘူး။

"ဒါဆိုလည်း အရင်ဆုံး ကိုယ်မင်းကို အကုန်လုံး ပြောပြဦးမယ်"

ဟယ်ချန်းမင်က မေးကိုမော့လို့ ကျိလျောင်ပခုံးပေါ်တင်ထားလိုက်တယ်။သူက အရာအားလုံးကို တည်တည်ငြိမ်ငြိမ်၊ ရှင်းရှင်းလင်းလင်းနဲ့ ထုတ်ဖော်ရှင်းပြလိုက်တယ်။ သူ စတော့ရှယ်ယာဈေးကစားတဲ့အကြောင်းတွေ၊ ကျောက်မိန်လန်က သူ့ကို ဆေးတွေတိုက်ခဲ့တဲ့အကြောင်းတွေ၊ ဟယ်မုရှန်က အာဏာသိမ်းယူလိုက်ပြီဆိုတဲ့အကြောင်းတွေ အကုန်လုံးကို ပြောပြလိုက်တော့တယ်။

သူက လွန်ခဲ့တဲ့သုံးနှစ်က ဆင်းရဲဒုက္ခတွေနဲ့ အခက်အခဲတွေကို ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးနဲ့ပဲ အကျဉ်းချုပ်ပြောပြလိုက်တယ်။ ကျိလျောင်ကတော့ ဆေးကိစ္စအကြောင်း ကြားရတဲ့အခါ သူ့ခန္ဓာကိုယ်က သိသိသာသာ တုန်ယင်သွားတယ်။ ချက်ချင်းပဲ ဟယ်ချန်းမင်က သူ့ကျောပြင်ကိုအသာအယာပုတ်ပေးရင်း ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်တယ်။

"ဘာမှမဖြစ်တော့ပါဘူး။ စိတ်မပူပါနဲ့"

ကျိလျောင်က သူ့ရဲ့ကိုယ်တွင်းကလီစာတွေအကုန်လုံး အိုးထဲမှာထည့်ကြော်ခံရတဲ့အလား ခံစားလိုက်ရပြီးတော့ သူ့လက်တို့က ကောင်ငယ်လေးရဲ့ အင်္ကျီစကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now