Unicode
What Should I Do if the School Bully is Interested in Me
Ch110 - Side Story 20 – Life was Full of Surprises (Gu Ming Ren x Lin Jiang)
ဟောင့်မုန် ဖုန်းကိုဆုပ်ကိုင်ထားရင်း ခံစားရတာအရမ်းကိုပေါ့ပါးလွန်းလို့ မိုးပျံတော့မတက် ဖြစ်နေတယ်။
'ပထမနှစ်' ဆိုတဲ့တစ်ယောက် သူ့ကို နောက်ဆုံးပို့ထားတဲ့ မက်ဆေ့ခ်ျက ဒီလိုဖြစ်တယ်။
{တောင်းပန်တဲ့အနေနဲ့ ငါ မင်းကို တစ်ဝိုင်းကျွေးခွင့်ရနိုင်မလား...135XXXX0624}
ဖုန်းနံပါတ်ရဲ့ နောက်ဆုံးကိန်းဂဏန်း၎လုံးက သူ့မွေးနေ့ဖြစ်နေတယ်။ဒါကြီးက သောက်ကျိုးနည်း ကြမ္မာဖူးစာကြီး! ။ဟောင့်မုန် စားပွဲပေါ်ခေါင်းတင်ရင်း ရယ်မောလိုက်မိတယ်။ သူ့ပခုံးတွေက တုန်ခါနေလိုက်တာ လင်းကျန်တောင် မျက်စိတွေနောက်လာတဲ့အထိပဲ။
"အဲ့လောက်ထိ သွားချင်နေတာလား"
လင်းကျန် သူ့ကိုကြည့်ရင်း ရယ်မောလိုက်တယ်။
ဟောင့်မုန်က ဒါပေါ့ လို့ ပြောလိုက်ချင်တယ်။ သူ့နှလုံးသားထဲမှာ မီးရှုးမီးပန်းတွေဖောက်နေတဲ့အတိုင်းပဲ။ သူ သဘောကျတဲ့ တစ်စုံတစ်ယောက် ဖိတ်ခေါ်တာကိုခံရတာက ချိုမြိုင်ပြီး အံ့အားသင့်စရာကြီးပါလားရယ်လို့ ခံစားလိုက်ရတယ်။
သူ့ရဲ့ အစို့အညှောက်ထွက်နေတဲ့နှလုံးသားလေးကို သိုသိုဝှက်ဝှက်သိမ်းဆည်းရင်း "ပထမနှစ်ကျောင်းသားသစ်" ထံ ဂရုတစိုက်နဲ့ စာပြန်လိုက်တယ်။{ကောင်းပြီလေ! ငါ့သူငယ်ချင်းတစ်ယောက်လောက် ခေါ်လာလို့ရလား}
သူ တစ်ယောက်တည်းတော့ နောက်တစ်ကြိမ် မသွားဝံ့ဘူး။ ဆိုးဆိုးရွားရွားတစ်ခုခုနဲ့ ကြုံတွေရမှာကို သူကြောက်တယ်လေ။
စာပြန်ပြီးတာနဲ့ ဟောင့်မုန် ဖုန်းကိုအဝေးမှာ ထား,ထားလိုက်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက လွန်ခဲ့တဲ့တစ်လလောက်ကတည်းက စာပို့ထားတာဆိုတော့ ခုချိန်မှာ ထည့်တွက်လို့ရသေးလားတော့ သူမသိတော့ဘူး။
သူ့ဖုန်းက နိုတီသံက အလွန်လျှင်မြန်စွာထွက်ပေါ်လာတယ်။ ဟောင့်မုန် နှလုံးအခုန်မြန်သွားရင်း ပရိုက်ဗိတ်မက်ဆေ့ခ်ျကို ထိကာဖွင့်ကြည့်လိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။