Ch78 - Your Wife has Taken a Fancy to my Wife

6.7K 1.3K 126
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch78 - Your Wife has Taken a Fancy to my Wife

ကျိလျောင်က နှုတ်ခမ်းကိုက်ထားရင်း ပြန်မဖြေလေဘူး။

သူက ဆန်ကို ယောက်ချိုဇွန်းနဲ့အပြည့် ခပ်ယူလိုက်ပြီးတော့ ဆေးကြောကာ ပေါင်းအိုးထဲကိုထည့်လိုက်တယ်။ ထို့နောက် စဉ်နှီတုန်းကို လိုက်ရှာလိုက်ပြီးမှ အသားစိမ်းတွေကို သေးသေးလေးတွေဖြစ်အောင် လှီးလိုက်တယ်။

ဟယ်ချန်းမင်က အစွန်းနားမှာ မှီရင်း ကျိလျောင်ရဲ့ ကိုင်တွယ်ပြုမူနေတဲ့ဟန်ပန်လေးကို ဖော်ပြမရနိုင်တဲ့ ခံစားချက်တွေနဲ့ ကြည့်နေမိတယ်။ သုံးတဲ့ ဆန်၊ဆီ၊ဆားတွေက အတူတူဖြစ်ပါရက်နဲ့ သူကိုင်တွယ်ချက်ပြုတ်တုန်းကတော့ ဘာမှကို မခံစားခဲ့ရဘူး။ ဒါပေမဲ့ ကောင်ငယ်လေး ကိုင်တွယ်လှီးဖြတ်နေချိန်ကျ ဘာလို့များ ဘဝကြီးက သာယာချမ်းမြေ့မှုအပြည့်ဖြစ်နေသလို ခံစားနေရပါလိမ့်။

"အပြင်ထွက်ပြီး နားမနေဘူးလား"

ကျိလျောင်က နောက်လှည့်ရင်း "ဒဏ်ရာကြီး"နဲ့ ထိုနေရာမှာပဲ မတ်တပ်ရပ်နေတာကိုမြင်တော့ သူ့ကိုမောင်းထုတ်တော့တယ်။

ဟယ်ချန်းမင်က မြတ်နိုးစွာပြောလိုက်တယ်။

"မသွားချင်ပါဘူးကွာ"

သူ့ရဲ့အပြုံးမျက်လုံးတွေက ကျိလျောင်သွားရာနောက်ကိုလိုက်နေလေတယ်။ ကျိလျောင်က ဟင်းရွက်တွေဆေးနေရင်း စိုးရိမ်တကြီး စကားဆိုလိုက်တယ်။

"ငါက လှည့်ပတ်လျှောက်သွားနေတာလေ။ မင်းနဲ့ ဝင်တိုက်မိရင် ဘယ်လိုလုပ်မလဲ"

အဲ့ဒါထက် ခဏနေလို့ အိုးအပူပေးရင် သူ့ပုံစံအမှန်က ပေါ်လာတော့မှာလေ။ တကယ်တော့ သူက ဟင်းချက်တာမှ အဲ့လောက်ကြီး မကျွမ်းကျင်သေးတာ။

"အဲ့လို မဖြစ်စေရဘူး"

ဟယ်ချန်းမင်က ယုံကြည်မှု ရှိရှိ စကားဆိုရင်း လိုအပ်တဲ့ပစ္စည်းတွေကို အချိန်ကိုက် လှမ်းပေးလိုက်သေးတယ်။

အသားငါး ဟင်းသီးဟင်းရွက်တွေ ဆေးကြောပြီးသွားတော့ ကျိလျောင်က လက်တွေသုတ်ရင်းမှ သူ့ကိုလှည့်ကြည့်ရင်း ရှက်ဝဲဝဲ စကားဆိုတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Où les histoires vivent. Découvrez maintenant