Ch26.1 - မျက်လုံးမှိတ်လို့ အိပ်ချင်ယောင်ဆောင်လိုက်တယ်

11.4K 1.7K 7
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



အဲဒီညမှာ ကျိလျောင်က "Erotic စာအုပ်"ကြီးကို အိမ်ကို ယူလာခဲ့တယ်။

သူက ဒီစာအုပ်ကို ယူလာချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဟယ်ချန်းမင်က ပြောတယ်။ စာအုပ်က သူ့လွယ်အိတ်ထဲရောက်နေတာ ထူးဆန်းတယ်တဲ့။စာအုပ်ကို စာကြည့်တိုက်မှာ ထားခဲ့လို့မဖြစ်သလို လွှင့်ပစ်လို့လည်း မဖြစ်ဘူးတဲ့။ တစ်ယောက်ယောက်က မှားထည့်မိတာဆိုရင် ပြန်လာရှာလို့မရပဲ ဖြစ်သွားမယ်တဲ့။

အဲဒါနဲ့ပဲ သူက အိမ်ကို သယ်လာရတော့တာပဲ။

ဒီ "erotic စာအုပ်"ကြီးကတော့ သူ့လွယ်အိတ်ထဲမှာ ဒီအတိုင်း ရှိနေဆဲပဲ။ကျိလျောင်က စာအုပ်ကို ခဏခဏ ကြည့်နေပြီးတော့ ဖတ်ချင်စိတ်ကလည်း ပိစိညောင့်တောက်လောက် ပေါ်လာတယ်။

သူက ညစ်ညမ်းစာပေတွေကို ခိုးဖတ်ဖူးပါတယ်။ ဒါပေမဲ့လည်း အဲဒါက ယောကျာ်းနဲ့မိန်းမကြားက အမျိုးစုံသော အကြောင်းရာတွေချည်း ရေးထားတာ။ ယောကျာ်းအချင်းချင်းကိစ္စကိုတော့ ခုမှပထမဆုံးမြင်ဖူးတာပဲ။ အတွေ့အကြုံသစ် သဘောမျိုးမို့ သူက ပိုပြီးစူးစမ်းချင်လာတယ်။
 
သူ့နှလုံးသားထဲက နတ်ဆိုးလေးက သူ့ကိုကြိမ်နဲ့တို့ပြီး တိုက်တွန်းနေတော့ သူလည်း ဖြားယောင်းမှုဒဏ်ကို မခံစားနိုင်တော့ဘူး။ သူက သူ့ကိုယ်သူ "လေ့လာတာပါ"ဆိုတဲ့ဟန်ဆောင်စကားလုံးလေးနဲ့ ချေပရင်း ကျောင်းလွယ်အိတ်ကို ဖွင့်၊ စာအုပ်ကို ဆွဲထုတ်ပြီး စတင် ဖတ်ရှုတော့တယ်။ပထမဆုံး အခန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတယ်။ အသင်းအဖွဲ့တစ်ခုက activityတွေ လုပ်နေတုန်း ဇာတ်လိုက်က အရက်မူးပြီး ဥက္ကဋ္ဌ အိပ်ခန်းထဲ မှားရောက်သွားတယ်။အကျိုးဆက်အနေနဲ့ကတော့ အလွန်ထူးခြားတဲ့ one night standလေး ဖြစ်သွားပါသတဲ့။

စာရေးဆရာက အိပ်ယာပေါ်က ချစ်တင်းနှောခန်းတွေကို ကွက်ကွက်ကွင်းကွင်းကို ရေးပြထားတာ။ ကျိလျောင်မျက်နှာက နီရဲနေပေမဲ့လည်း သူ့မျက်လုံးတွေက နာကြင်မှုနဲ့ သာယာမှု မျိုးစုံကို ရေးပြထားတဲ့ အခန်းကကို မခွာနိုင်ဘူး။ စာအုပ်တစ်ခန်းပြီးတဲ့အထိ သူက အိမ်မက် မက်နေသလို ခံစားနေရတုန်းပဲ။ ဒီတော့ ယောကျာ်းလေးနှစ်ယောက်ကြားက ချစ်တင်းနှောခန်းက ဒီလိုမျိုးပေါ့လေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now