Side Story 4 (Gu❤️Lin)

5.6K 1K 63
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch94 - Side Story 4 – Paid with His Body and Lost Money (Gu Ming Ren x Lin Jiang)

လင်းကျန်က သူဟာ အကျိုးမရှိပဲ အသုံးတော်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ သူ့စိတ်အခြေအနေကလည်း မသာယာတော့ဘူး။

ဒါပေမဲ့ သူ့ကိုပိုပြီး စိတ်တိုစေတဲ့အရာကတော့ သန့်ရှင်းရေးအဒေါ်ကြီး သူတို့အခန်းကို လာတဲ့အချိန်မှာ အိပ်ရာဘေးက ဖုန်းကကွဲနေတာကို တွေ့သွားတာကိုပဲ။ကုမင်းရန်က သူထွက်သွားပြီး အခန်းခပဲပေးချေသွားတော့ လင်းကျန်ကဖုန်းဖိုးလျော်လိုက်ရတယ်။ စုစုပေါင်း ၁၅၀ယွမ်ကုန်သွားတယ်။

လင်းကျန်ခမျာ ဟိုတယ်မှာ ထိန်းသိမ်းခံထားရပြီးတော့ သူငွေမပေးမချင်း ထွက်ခွင့်မပြုကြလေဘူး။ သူဟာ အံကြိတ်လိုက်ရင်း သူ့အိတ်ကပ်ထဲက လက်ကျန် ယွမ်နှစ်ရာကို ထုတ်ပေးလိုက်ရတော့တယ်။

သူ့ခန္ဓာကိုယ်ကို စောက်ကျိုးနည်းအသုံးတော်ခံလိုက်ရတဲ့အပြင် ပိုက်ဆံပါကုန်လိုက်သေးတယ်။

လင်းကျန် ငိုကြွေးမိတော့တယ်။
 
သူ ဟိုတယ်ကထွက်လာတော့ သူ့ဗိုက်လေးသူ ပွတ်လိုက်တယ်။ တစ်နာရီကျော်ကျော် လေ့ကျင့်ခန်းလုပ်အပြီးမှာ သူ့ရဲ့နေ့လည်စာလေးက အစာကြေသွားပြီလေ။ဒီတော့ သူက ခေါက်ဆွဲကြော်ထုတ်ဝယ်ဖို့ရာအတွက် ကျောင်းလမ်းကြားထဲကထောင့်ချိုးလေးဆီ ကွေ့သွားလိုက်တယ်။အဆောင်ပြန်တဲ့လမ်းမှာ သူ့ဖုန်းထဲက ဘဏ်အကောင့်ကို စစ်ကြည့်ပေမယ့်လည်း ငွေလွှဲစာက ရောက်မလာခဲ့ဘူး။

"ငါက ပျော်တော်ဆက်တစ်ယောက်လောက်တောင် မထိုက်တန်ဘူးကိုး"

သူက ခေါင်းငိုက်စိုက်ချကာ လမ်းလျောက်နေရင်း သူ့ကိုယ်သူ ခပ်တိုးတိုးပြောနေမိတယ်။

သူက သူ့ကိုယ်သူ ကုမင်းရန်ဆီရောင်းစားပါတယ်လို့ ပြောထားပေမယ့်လည်း တကယ်တမ်းကျ ပိုက်ဆံမတောင်းရဲဘူး။ အရမ်းရှက်စရာကောင်းတယ်လို့ ထင်မိသလို သူ့ကိုယ်သူ ဂုဏ်သိက္ခာနည်းနည်းပါးပါးလည်း ထားချင်မိသေးတယ်။

ဒါပေမဲ့လည်း သူ့ဆီမှာ ၃၂ယွမ်ပဲ ရှိတော့တယ်။

လင်းကျန်သက်ပြင်းချလိုက်ရင်း နို့လက်ဖက်ရည်ဆိုင်က အလုပ်ခေါ်စာကို အာရုံဖမ်းမိသွားတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ သူခပ်မြန်မြန်လေး ပြေးသွားလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now