Ch76 - You Guys Fucking Beat Him Up!

6.7K 1.2K 30
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch76 - You Guys Fucking Beat Him Up!

ညနေခင်းရဲ့ နေဝင်ဆည်းဆာချိန်က နွေးထွေးနေသော်လည်း ထိုအနွေးဓာတ်က လူငယ်လေးရဲ့ ခန္ဓာကိုယ်က အေးစိမ့်မှုကိုတော့ မဖယ်ရှားနိုင်ပါပေ။

လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ရင်း ဟယ်ချန်းမင်က မျက်နှာကြောတင်းစွာနဲ့ လမ်းမပေါ်မှာ လျှောက်လှမ်းလာလေတယ်။

အလွတ်စုံထောက်ဆီက မက်ဆေ့ခ်ျအရ ကောင်းရှန့်က လက်ရှိမှာ ကိုယ်ပိုင်ကားပြုပြင်ရေးဆိုင်မှာ အလုပ်သင်အဖြစ် ဝင်လုပ်နေတာ ဖြစ်တယ်။သူက မိသားစုနောက်ခံအခြေအနေရဲ့ အချက်အလက်တွေကိုလည်း Freeအနေနဲ့ ပူးတွဲတင်ပြထားသေးတယ်။ကောင်းရှန့်ရဲ့ တစ်ဦးတည်းသော အဘွားဖြစ်သူဟာ လွန်ခဲ့တဲ့တစ်လလောက်ကပဲ ဆုံးပါးသွားခဲ့ပြီတဲ့။

ဆိုလိုတာကတော့ ကောင်းရှန့် ဘာကြောင့် ဒီလောက် လုပ်ရဲကိုင်ရဲဖြစ်နေရတာလဲဆိုတဲ့ အကြောင်းရင်းက သူ့ရဲ့ဆွေမျိုးသားချင်း သေဆုံးသွားတာကြောင့်ပဲ ဖြစ်လေတယ်။

ဟယ်ချန်းမင်ရဲ့ မျက်ဝန်းထဲမှာတော့ ဂရုမစိုက် လျစ်လျူရှုမှုတွေ ရှိလို့နေတယ်။ သူ့ရဲ့ ကောင်းရှန့်ခြေထောက်ကို ချိုးပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ခုထိ လုံးဝ မယိုင်မလဲရှိနေတုန်းပဲ။ အဲ့ဒီကောင်က ဒီကိစ္စတွေလုပ်ထားတယ်ဆိုမှတော့ အကျိုးဆက်ကိုလည်း ခံနိုင်ရည်ရှိရမှာလေ။ မဟုတ်ရင် သူ့ပုံစံက အလွယ်တကူနဲ့ အနိုင်ကျင့်လို့ရမယ့် ပုံစံပေါက်သွားမှာပေါ့!။

မကြာခင်မှာ လမ်းရဲ့အဆုံးနားက ထောင့်စွန်းလေးမှာ ညစ်ပတ်နေတဲ့ ကားဂိုဒေါင်တစ်ခု ပေါ်ထွက်လာတယ်။

*******

ကောင်းရှန့်က အလွန်ပိန်ပါးနေပြီးတော့ စွပ်ကျယ်တစ်ထည်ကို ဝတ်ဆင်ထားလေတယ်။ သူက Cherry QQ ကားရဲ့ဘေးမှာ ဆောင့်ကြောင့်ထိုင်ကာ ဝက်အူရစ်နေရင်း ဆဲဆိုနေတယ်။

"ချီးပဲ! ငါ့ပဲ ခေါင်းပုံဖြတ်နေလိုက်! တစ်နေ့ကို ဆယ်နာရီလောက် လုပ်နေရတာတောင် သောက်ဆံကို နည်းနည်းပဲပေးတယ်။ ငါကလည်း ဒီအမှိုက်ပုံကြီးကနေ အနည်းနဲ့အမြန်ကိုထွက်ပစ်တော့မှာ!"

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now