Ch37 - That's My Life

10.1K 1.6K 26
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch37 - That’s My Life


နှစ်ယောက်သားက မရည်ရွယ်လိုက်ပါပဲနဲ့ကို စီးပွားရေးနဲ့ကုန်သွယ်ရေးနယ်မြေထဲကို ခြေချမိသွားကြတယ်။ပွဲလမ်းသဘင်တွေကြောင့် ဆိုင်ခန်းတွေက စိုစိုလွင်လွင် အရောင်တွေနဲ့အလှဆင်ထားကြပြီးတော့ စိတ်ကြည်နူးဖွယ် ခရစ္စမတ်သီချင်းတွေကိုလည်း တစ်ကျော့ပြီးတစ်ကျော့ ဖွင့်ထားကြလေတယ်။

အဲဒီမှာ ဆန်တာဦးထုပ်ကို ဆောင်းထားတဲ့ မိန်းကလေးတစ်ယောက်က လမ်းသွားလမ်းလာတွေကို လက်ကမ်းစာစောင်တွေ ဝေပေးရင်း ဒီလိုဆိုတယ်။

" ခုည ၈နာရီ business centerမှာ Artificialနည်းနဲ့ ဖန်တီးထားတဲ့ နှင်းကျတဲ့ပုံစံမျိုးလုပ်ထားပါတယ်ရှင့်။ အကယ်၍စိတ်ဝင်စားရင် ဖတ်ရှုကြည့်လို့ရပါတယ်နော်"

ကျိလျောင်နဲ့ ဟယ်ချန်းမင်ဆီကို လက်ကမ်းစာစောင်တွေကို ကမ်းပေးလိုက်ရင်းနဲ့ ကောင်မလေးရဲ့ မျက်လုံးတွေက တောက်ပသွားပြီးတော့ သူမအပြုံးတွေကလည်း ပိုလို့တောင် နှစ်လိုဖွယ်ကောင်းလာတယ်။ သူမက ထပ်ပြောတယ်။

"စုံတွဲတွေအတွက် အတူတူကြည့်ဖို့ အကောင်းဆုံးပါပဲနော်!"

ကျိလျောင်မျက်နှာက မဆိုသလောက် နီရဲသွားပြီးတော့ လက်ကမ်းစာစောင်ကို တိတ်တဆိတ်ပဲ ယူထားလိုက်တယ်။ ပြီးမှသူက လက်ကမ်းစာစောင်ကို ကြည့်ပြီးတော့ အချိန်နဲ့နေရာကို မှတ်ထားလိုက်တယ်။

သူတို့မြို့လေးက တောင်ဘက်ကမ်းရိုးတန်းနဲ့နီးတော့ နှင်းကျတယ်ဆိုတာ မရှိသလောက်ပဲ။ရာသီဥတုကပုံမှန်ထက်အေးတယ်ဆိုရင်တောင် နှင်းခဲဖုံးတာလောက်ပဲရှိတာ။ ဒီတော့ ခုလို နှင်းကျအောင်လုပ်တယ်ဆိုတာမျိုးက အတော်ရှားတဲ့ ကိစ္စပဲလေ။

ဒါပေမဲ့လည်း ဟယ်ချန်းမင်ရဲ့စိတ်က အဲဒီကိစ္စပေါ်မှာလုံးဝရှိမနေဘူး။သူက စောနတုန်းက ကျိလျောင် သဝန်တိုတဲ့ကိစ္စကို တွေးနေမိပြီးတော့ အဲလိုသဝန်တိုတဲ့အကြောင်းရင်းက ကျိလျောင်ကို ပန်းမပေးမိလို့ပဲလို့ ကောက်ချက်ချလိုက်တယ်။ဒါပေမဲ့လည်း တကယ်တမ်းကျ ကျိလျောင်တစ်ယောက် ကြောင်အ သွားမှာကိုလည်း စိုးရိမ်နေမိတယ်။ ပန်းစည်းကြီးကိုင်ပြီး လက်ဖျားတွေ အေးစက်နေမှာနဲ့စာရင် အဲ့လက်တွေကို သူ့အိတ်ကပ်ထဲထည့်ထားလိုက်တာမှ သက်တောင့်သက်သာ ဖြစ်နေဦးမယ်လေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now