Ch72 - Your Sister Wasn't Bullied

6.1K 1.2K 56
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch72 - Your Sister Wasn’t Bullied

နောက်တစ်နေ့ညနေခင်းမှာတော့ တစ်စုံတစ်ရာက ဖြစ်ပွားခဲ့ပါတော့တယ်။

လင်းကျန်က မုန့်ယောင်ယောင်နဲ့အတူ စကားပြော စနောက်နေတုန်း ရုတ်တရပ်ဆိုသလို လူအုပ်စုတစ်စုက ဟန့်တားတာကိုခံလိုက်ရလေတယ်။

ကျိလျောင်က သတိရှိနေတဲ့သူဖြစ်တော့ ချက်ချင်းပဲ ဖုန်းကိုထိပြီး ခေါ်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ သူ့ကို ဆံပင်အဝါရောင်နဲ့ ခေါင်းဆောင်ကောင်က မြင်သွားလေတယ်။ ထိုလူက တုတ်ရှည်နဲ့ ဖုန်းကိုရိုက်ချပစ်လိုက်တော့ ဖုန်းက မြေကြီးပေါ်ခွမ်းခနဲ ပြုတ်ကျသွားတော့တယ်။

ကျိလျောင် နှလုံးသားက တုန်ယင်သွားတယ်။ သူက အမြဲတမ်း ကျောင်းသားကောင်းတစ်ယောက်ပဲ ဖြစ်ခဲ့ပြီးတော့ ဒီလိုမျိုး ရန်စောင်တဲ့ ပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။အဲ့ဒီဘက်က လူတွေက ခုနှစ်ယောက် ရှစ်ယောက်ထက်မနည်း ရှိပြီးတော့အကုန်လုံးက ခေတ်မမှီတော့တဲ့ပုံစံတွေနဲ့ ဆံပင်ဆေးဆိုးထားကြတယ်။ပုံစံတွေက ရန်သွားမစသင့်တဲ့ ပုံစံမျိုးတွေပဲ။

"ဘာဖြစ်တာလဲ"

မုန့်ယောင်ယောင်က ကြောက်လန့်တကြားဖြစ်သွားပြီးတော့ လင်းကျန်ကို ခပ်တိုးတိုးမေးလိုက်တယ်။

လင်းကျန်က တစ်ခြားအရာတွေမှာ မတော်ရင် မတော်မယ်။ ဒီလို အထက်တန်းကျောင်းသားအသိုင်းအဝိုင်းက ဆန်ကုန်မြေလေးကောင်မျိုးတွေနဲ့ပတ်သက်လို့ကတော့ ရင်းနှီးကျွမ်းဝင်မှု ရှိပြီးသားပဲ။ သူက ဒီကောင်တွေမှာ ကိုးရို့ကားယား ဆံပင်စတိုင်တွေသာမကပဲ ဓားတွေ တုတ်တွေ သယ်လာတာက်ုပါ မြင်လိုက်ရတော့ ဒီနားက သက်မွေးမှုပညာ အထက်တန်းကျောင်းကပဲဆိုတာ သေချာသလောက် ဖြစ်သွားတယ်။ဒီတော့ သူက ခြေတစ်လှမ်းရှေ့တိုးရင်း မေးလိုက်တယ်။

"ကိုယ့်လူတို့....ဒါ ဘာအဓိပ္ပါယ်လဲ"

ခေါင်းဆောင်ဖြစ်တဲ့ ဆံပင်အဝါရောင်နဲ့လူက သူ့ကိုစွေစောင်းကြည့်ရင်း အသံကျယ်ကျယ်နဲ့ပြောတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now