Zawgyi
What Should I Do if the School Bully is Interested in Me
Ch56 - I’m Not Breaking Up. Let Me Think.
ကြောက်ရွံ့မှုတွေ၊ မျိုသိပ်ထားရမှုတွေ၊ တွန့်ဆုတ်ဝန်လေးနေမှုတွေနဲ့.........
သူက acceptခလုတ်ကို မနှိပ်ပဲ စခရင်မ်ကြီး မဲနက်သွားတဲ့အထိသာ ဖုန်းသံကိုဆက်မြည်နေစေလိုက်တယ်။
အဲ့ဒီအချိန်မှာ ကျိလျောင်ရဲ့စိတ်ထဲမှာ တင်းကြပ်နေတဲ့ကြိုးတစ်ချောင်းက ပြတ်တောက်သွားသလိုခံစားလိုက်ရပြီးတော့ သူ့ရဲ့ သူငယ်အိမ်တို့ကလည်း ထိတ်လန့်မှုကြောင့် ဆတ်ခနဲ လှုပ်လာတယ်။ သူဘာတွေ လုပ်လိုက်လဲဆိုတာ သတိထားမိသွားတော့ ချက်ချင်းပဲ ဖုန်းပြန်ခေါ်ဖို့ လုပ်တယ်။ ဒါပေမဲ့ တစ်ဖက်လူက သူ့ကိုအရင် ဖုန်းထပ်ခေါ်နှင့်ပြီးပြီ။
ကျိလျောင် ဖုန်းကိုင်လိုက်တော့ တစ်ဖက်က စိတ်သက်သာရာ ရသွားဟန်နဲ့ ဆိုတယ်။
"ဘေဘီ...စောနတုန်းက ဘာလို့ဖုန်းမကိုင်တာလဲကွာ...ကိုယ်လန့်လို့သေတော့မယ်"
သူက သူ့ရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေကို ဖုံးကွယ်လို့ အရင်လိုပဲ နူးနူးညံ့ညံ့စကားဆိုလိုက်တယ်။
"ငါ မေ့သွားလို့ပါ"
"ဟမ်?"
လေဆိပ်မှာတော့ ဟယ်ချန်းမင်ရဲ့ ချောမောတဲ့မျက်နှာက သံသယဖြစ်မှုတွေနဲ့ တွန့်ချိုးသွားတယ်။ ဒါပေမဲ့လည်း ခုချိန်မှာ မြန်မြန်ပြန်ရောက်ချင်စိတ်သာ တွေးနေတာမို့ ကျိလျောင်စကားကို အများကြီးတွေးမနေတော့ဘူး။သူကပြုံးရယ်လိုက်ရင်း ခြိမ်းခြောက်လိုက်တယ်။
"ကိုယ့်ချစ်သူရဲ့ဖုန်းကိုဖြေဖို့တောင် မေ့ရဲတယ်ပေါ့လေ။ကိုယ်ပြန်ရောက်ရင် မင်းကိုဘယ်လိုလုပ်မလဲဆိုတာ စောင့်သာနေလိုက်တော့"
ကျိလျောင်က တိတ်ဆိတ်သွားရင်းမှ မြေပြင်ပေါ်မှာ လှိမ့်နေတဲ့ suitcaseသံကို ဝိုးတိုးဝါးတား ကြားလိုက်ရတယ်။
"မင်း ပြန်လာနေပြီလား"
သူသတိရတာသာ မမှားဘူးဆိုရင် ပြိုင်ပွဲက သုံးရက် ကျင်းပမှာမလား။ သူက မနက်ဖြန်မှ ပြန်လာရမှာလေ။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။