Zawgyi
What Should I Do if the School Bully is Interested in Me
Ch5 - သူ့ခြေထောက်တွေ ပျော့ခွေတဲ့ထိ စနောက်တယ်
ကျိလျောင်က ဟယ်ချန်းမင် တစ်ယောက် သူ့ရဲ့ Wechat messageကို စာမပြန်တာကြောင့် အဲ့ဒီညမှာလည်း ထပ်ပြီး အိပ်မပျော်ပြန်လေဘူး။တစ်ညလုံး သူ့အတွေးထဲမှာ ကျောင်းတွင်းအနိုင်ကျင့်သူကြီးကို စိတ်အနှောင့်အယှက် ပေးလိုက်ခြင်းရဲ့ အကျိုးဆက်တွေနဲ့ပြည့်လို့နေတယ်။ ကျောင်းသားဆိုးပေါင်းစုံရဲ့ တိုက်ခိုက်နှောင့်ယှက်တာကို ခံရမလား။ ဒါမှမဟုတ် လမ်းကြိုလမ်းကြားထဲ ဆွဲခေါ်ခံရပြီး အရိုက်ခံရမလား ဆိုတဲ့ အတွေးတွေကြောင့် သူကြောက်လန့်နေရပြီ။
မနက်စာ စားပြီးသွားတော့ ကျိလျောင်က အိမ်ကနေ တုန်တုန်ယင်ယင်နဲ့ပဲ ထွက်လာခဲ့တယ်။
သူကားဂိတ်ဆီ လမ်းလျောက်လာတော့ အရပ်ရှည်ရှည် နဲ့ ထူးခြားပေါ်လွင်လှတဲ့ လူငယ်လေးကို မြင်လိုက်ရတယ်။ အဲ့လူငယ်လေးက ကျောပိုးအိတ်ကို တစ်ဖက်ပဲ လွယ်ထားပြီး နားမှာ နားကြပ်တပ်ကာ သီချင်းနားထောင်နေပြီးတော့ ဘာကိုမှ ဂရုမစိုက်ဟန်နဲ့ ကားမှတ်တိုင်ကို မှီရပ်နေလေတယ်။
ကျိလျောင် နှလုံးသားက ကဆုန်ပေါက်သွားတယ်။ ဟယ်ချန်းမင်က ဒီနေ့ လာလိမ့်မယ်လို့ သူထင်မထားမိဘူး။ ပြီးတော့ သူကမနေ့က စိတ်ဆိုးနေပြီးတော့ သူ့စာတွေတောင် ပြန်မပို့ခဲ့ဘူးလေ!။
ကျိလျောင်က အဲ့နေရာထိလျောက်သွားပြီး သူ့ဘေးမှာရပ်တဲ့အထိ ထိုလူငယ်လေးက အတွေးထဲမှာ နစ်မြောနေပြီး သူ့ကို သတိမထားမိသေးဘူး။
နည်းနည်းလေး စိတ်ကသိကအောက်ဖြစ်လာတာနဲ့ ကျိလျောင်လည်း ကျောက်စရစ်ခဲလေးကို ကန်ပစ်လိုက်တယ်။ အဲ့ကျောက်စရစ်ခဲလေးက ဟယ်ချန်းမင်ရဲ့ ရူးဖိနပ်ကို သွားထိပြီး ပတ်ချာလည်သွားပြီးမှ ရပ်သွားတယ်။
အဲဒီကျမှ ဟယ်ချန်းနင်လည်း သူ့အတွေးထဲက ရုန်းထွက်ပြီး ကျိလျောင်ကို မြင်တော့တယ်။ တစ်ခဏအတွင်းမှာ သူ့ရဲ့ နဂို ဂရုမစိုက်တတ်တဲ့ မျက်နှာမှာ အပြုံးကြီး ပေါ်ထွန်းလာတယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။