Ch9 - သူက ဘယ်လိုသောက်ကျိုးနည်းတဲ့ အဖြေတွေဖြေရမှာလဲ

13K 2.2K 158
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



အဖြေတွေဖြေရမှာလဲ

တစ်ရက်နဲ့တစ်ည ကုန်သွားပြီးတဲ့နောက်မှာတော့ ဟယ်ချန်းမင် ချိန်းတွေ့နေတယ် ဆိုတဲ့အကြောင်းကို တစ်ကျောင်းလုံး သိသွားကြလေတယ်။

ကော်ရစ်ဒါတွေမှာ စာသင်ခန်းထဲမှာ ကန်တင်းမှာ နေရာတိုင်းမှာ လူတိုင်းပြောနေကြတဲ့အကြောင်းအရာကတော့ စိတ်တိုလွယ်တဲ့ ထောက်လွှားမောက်မာသူကြီးကို စင်ပေါ်က ဆွဲချပြီး သူ့ရဲ့ လူမှုရေးခေါင်းပါးတဲ့ပုံစံကနေ ကြင်နာတတ်တဲ့ စနောက်ကျီစယ်တတ်တဲ့ သစ္စာရှိ ခွေးတစ်ကောင်အဖြစ် ပြောင်းလဲပေးနိုင်တဲ့ နတ်ဘုရားမလေးအကြောင်းသာ ဖြစ်တယ်။

တကယ်တော့ လူနှစ်ယောက် ပါဝင်ပတ်သက်တာကလွဲလို့ သူတို့လည်း ကျန်တာမသိကြဘူး။

လင်းကျန်က အဲ့ဒီအကြောင်းကိုကြားတော့ သူလည်းပဲ အံ့သြသွားတယ်။ သူက ဟယ်ချန်းမင်ကို သူ့အစ်ကိုကြီးတစ်ယောက်လို အမြဲ သတ်မှတ်ထားတာ။ ခုကျတော့ သူ့ရဲ့မရီးလောင်းကို မပြောနဲ့ ချိန်းတွေ့နေတဲ့အကြောင်းတောင် မသိလိုက်ရဘူး။ စဉ်းစားကြည့်လေ သူ့ဘော ထဲက နာလေပဲ။

ဒါပေမဲ့ ဟယ်ချန်းမင်က ပြောမပြသလို သူကလည်း မေးရမှာ ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ အဲဒီအစား သူက ကျောင်းဖိုရမ်ပေါ်မှာ သာ အဖြေရှာနေလိုက်တယ်။တကယ်ပဲ ဖြစ်နေသယောင် ရေးသားထားတဲ့ ကျောင်းတွင်းအနိုင်ကျင့်သူကြီးနဲ့ ဖြူစင်ရိုးသားတဲ့ အလှပဂေးလေး ဆိုတာမျိုး၊ ရင်သားကြီးကြီးနဲ့ အလှပဂေးက စိတ်တိုဘုကျ ရန်လိုတတ်တဲ့ big shotကြီးကို သိမ်းပိုက်လွှမ်းမိုးခြင်း ဆိုတာမျိုးတွေကိုဖတ်ပြီးတော့ပေါ့။
 
လင်းကျန်က အဲ့ဒီ ခေါင်းစဉ်နှစ်ခုကို ဟယ်ချန်းမင်ဆီ ပို့လိုက်ပြီးတော့ သူ့ဆီက အသံထွက်လာအောင် စောင့်နေလိုက်တယ်။

ဟယ်ချန်းမင်ကတော့ တစ်ချက်လောက် ငုံ့ကြည့်ပြီးတာနဲ့ လင်းကျန်ကို ဘလော့ခ် ပစ်လိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now