Ch38.1- Have a Relationship Too

9.4K 1.5K 66
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch38.1- Have a Relationship Too

ဒီဇင်ဘာလက သာသာယာယာပင်ကုန်ဆုံးသွားကာ မကြာခင်မှာပဲ စာမေးပွဲများကြောင့် ခေါင်းမွေးတွေ ကျွတ်ရတော့မယ့်အချိန်ဖြစ်တဲ့ ဇန်နဝါရီလကို ရောက်လာခဲ့တယ်။

နှစ်ဆုံးစာမေးပွဲအတွက် ကျိလျောင်မှာ ကျက်စရာ သမိုင်းအက်ဆေးတွေရော နိုင်ငံရေး အက်ဆေးတွေပါ တစ်ပုံတစ်ခေါင်းကြီး ရှိလို့နေတယ်။အဲဒါအပြင် သူ့အတွက် အခက်ခဲဆုံးဘာသာရပ်ဖြစ်တဲ့ သင်္ချာကိုလည်း တွက်ရဦးမယ်။ ဒီတော့ ဟယ်ချန်းမင်ရဲ့ သီးသန့်စာသင်ချိန်ကို သူ့ရဲ့အချိန်ဇယားထဲမှာ ထပ်ထည့်ထားလိုက်ရတယ်။

စာကြည့်တိုက်ကြီးကတော့ သူတို့နှစ်ယောက်အတွက် ချိန်းတွေ့ရာ၊ စကားပြောရာ၊ အိမ်စာတွေလုပ်ဖို့ရာ သတ်မှတ်ထားတဲ့နေရာကြီး ဖြစ်လာခဲ့လေရဲ့။

အချိန်တိုင်းလိုလိုမှာ ဟယ်ချန်းမင်က အနွေးထည်ထူထူထဲထဲနဲ့ ပိုက်ထွေးထားပြီးတော့ ခေါင်းလေးသာ ဖော်ထားတယ်။ သူက ပေါင်ပေါ်မှာ အနွေးအိတ်ကိုတောင် တင်ထားတယ်။
အဲဒါမှ သူက ကျိလျောင်ဘေးမှာ ထိုင်နေရင်းနဲ့ ကျိလျောင်လက်ကို မကြာခဏဆိုသလို အနွေးဓာတ်ပေးနိုင်မှာလေ။

ကျိလျောင်က တစ်ခုခုကို ရှင်းပြခိုင်းတဲ့အချိန်မှပဲ သူပါးစပ်ဟတယ်။ မဟုတ်ရင်တော့ ကျိလျောင်အင်္ကျီတွေနဲ့ ကစားနေပြီးတော့ ကျိလျောင်ခါးကိုထိလို့ အသားယူဖို့ အသားကုန်ကြိုးစားနေတော့တယ်။အရမ်းဆိုးဆိုးဝါးဝါး မလုပ်သရွေ့တော့ ကျိလျောင်က သူ့ကို ခွင့်ပြုထားတာပါပဲ။

တစ်ခါတစ်လေကျ ဟယ်ချန်းမင် ကိုယ်တိုင် လည်း ကယ်ကူလက်စ်ပုစ္ဆာတွေ တွက်ရတယ်။ ဟယ်ချန်းမင် မအားတဲ့အခါ ကျိလျောင်က သူ့စာအုပ်တွေကို တိတ်တိတ်လေးခိုးကြည့်တယ်။ နောက်ဆုံးတော့လည်း အဲ့ဒီပုစ္ဆာတွေကို သူနားမလည်ခဲ့ဘူး။ဘာပဲဖြစ်ဖြစ် တြီဂိုနိုမက်ထြီနဲ့ ဂျီသြမက်ထြီကမှ တော်သေးတယ်လို့တောင် တွေးနေမိတယ်။

တစ်ဖက်မှာလည်း လင်းကျန်ခမျာပြိုလဲခါနီးနီး ဖြစ်နေပြီ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now