Ch62 - Still Don't Think It Was Ugly Enough, Is That It?

6.5K 1.1K 50
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch62 - Still Don’t Think It Was Ugly Enough, Is That It?

အခန်းထဲကိုပြန်ရောက်တော့ ဟယ်ချန်းမင်က သူ့ကို  နောက်ထပ်ကစားပွဲတွေ စတင်ကစားကြဖို့ လက်ယပ်ခေါ်တယ်။

လင်းစီရန်က အထဲကိုပြန်ဝင်လာတော့ သူမက ဘေးနားမှာထိုင်ရင်း သူမသူငယ်ချင်းနဲ့ ဝီချတ်မှာ စကားပြောနေလိုက်တယ်။ပြောနေရင်း သူမက ကုမင်းရန်မှာ ဘယ်လို အဆက်အသွယ်တွေ ရှိလဲဆိုတာ သူမသူငယ်ချင်းကို မေးလိုက်တယ်။သူမက ဒီလိုအသိုင်းအဝိုင်းမျိုးနဲ့ ပတ်သက်ရင် ဘာဗဟုသုတမှ မရှိတာကြောင့် ကုမင်းရန်မှာ အထက်တန်းလွှာ မင်းမျိုးမင်းနွယ် အမူအကျင့်တွေ ရှိတယ်ဆိုတာရယ်၊ ကောင်းကောင်းမွန်မွန် ဝတ်စားထားတယ်ဆိုတာမျိုးက လွဲလို့ ကျန်တာ ဘာတစ်ခုမှ မသိလေဘူး။

သူမ သူငယ်ချင်းက သူမကို ချက်ချင်းပဲ !!!!!!!!တွေ တန်းစီ ပို့လာပြီးတော့ အော်ဟစ်ပေါက်ကွဲပြီး ပြောလိုက်တယ်။ ကုမင်းရန်ဆိုတာ ပိရမစ်ရဲ့ ထိပ်ဆုံးက ပုံရိပ်တစ်ခုဖြစ်ကြောင်း၊ လင်းကျန်လို ဒုတိယမျိုးဆက်လူချမ်းသာမျိုးနဲ့ လယ်ဗယ်တူမဟုတ်တဲ့ တကယ့်ကို အာဏာပါဝါရှိတဲ့ မိသားစုကို ပိုင်ဆိုင်ထားကြောင်း ပြောပြလိုက်တော့တယ်။

တကယ်လို့များ သူမသာ ကုမင်းရန်နဲ့ ချစ်သူဖြစ်ခဲ့ရင် ဘဝမှာ ဘာမှ လုပ်စရာမလိုတော့ပဲ လက်ဖွာဖွာနဲ့ သုံးဖြုန်းနေရုံပဲပေါ့လေ။

ဒါက ရစ်ငှက်ဘဝကနေ ဖီးနစ်ငှက်ဘဝကို ချက်ချင်းပဲပြောင်းလဲသွားစေပြီးတော့ ကောင်းကင်ကို တစ်ဟုန်ထိုး ထိုးတက်သွားရသလိုမျိုးပဲ။
 
လင်းစီရန်ရဲ့ မျက်လုံးတွေက ပြူးကျယ်လာတယ်။ ဖုန်းကိုဆုပ်ကိုင်ထားတဲ့ သူမလက်တွေက ထိန်းချုပ်ထားမရစွာပဲ တုန်ယင်လာတယ်။ ဒီလိုငါးကြီးကြီးမျိုးကို မတော်တဆနဲ့များ ဖမ်းမိလိမ့်မယ်လို့ သူမ ထင်မှတ်မထားခဲ့မိဘူး။

သူမရဲ့အကြည့်တွေက ခပ်မတ်မတ်အနေအထားနဲ့ မတ်တပ်ရပ်နေတဲ့ ကုမင်းရန်အပေါ် ကျရောက်သွားတယ်။သူ့ရဲ့ ခပ်ပါးပါးနှုတ်ခမ်းတို့က အနည်းငယ် စုဝိုင်းနေသလိုဖြစ်နေပြီးတော့ ရွှေရောင်ကိုင်းတပ် မျက်မှန်တစ်စုံကတော့ သူ့ရဲ့နှာရိုးပေါ်မှာ တည်ရှိလို့နေတယ်။ ဒါပေမဲ့လည်း အဲ့ဒီ မျက်မှန်ကတော့ သူ့ရဲ့ စူးရှပြီးတော့ ဆွဲဆောင်အားကောင်းလှတဲ့ မျက်ဝန်းတွေကိုတော့ ဖုံးကွယ်မထားနိုင်ပေဘူး။လင်းစီရန်ပုံစံက အဲ့ဒီတောက်ပတဲ့ မျက်ဝန်းတွေရဲ့ ဖမ်းစားမှုကို ခံလိုက်ရသလိုပုံစံမျိုးနဲ့ သူမနှလုံးသားက ပြင်းပြင်းထန်ထန်ကိုခုန်ပေါက်လာတော့တယ်။ကြည့်ရတာ သူမတော့ တုံ့ဆိုင်းခြင်းမရှိပါပဲ ချစ်မိသွားသလိုပါပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now