Side Story 19 (Gu❤️Lin)

5.1K 1K 26
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch109 - Side Story 19 – Not Going to Compete with You for a Seme (Gu Ming Ren x Lin Jiang)

အိမ်မှာတော့ ကုမင်းရန်ဟာ လင်းကျန် ဆေးသောက်မသောက် မသိရတဲ့အတွက် သူ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကာ ဖိစီးနေရတယ်။

သူ ဖုန်းခေါ်လိုက်ချင်ပေမယ့် အဲ့လိုလုပ်တာက လင်းကျန်ကို စိတ်ကုန်သွားစေမှာကိုလည်း စိုးရွံ့နေမိပြန်တယ်။ သူ့မျက်လုံးတွေ မှုန်ဝါးလာရင်း ဖုန်းကိုသိမ်းထားလိုက်တော့တယ်။

ညစာ စားပြီးနောက်မှာတော့ သူဟာ လီယန်ကို နှုတ်ဆက်စကားဆိုကာ ကားကို တစ်ဟုန်ထိုးမောင်းလာခဲ့တော့တယ်။

ဒါပေမဲ့လည်း ကုမင်းရန် သူ့တိုက်ခန်းကိုပြန်ရောက်တဲ့အခါမှာတော့ ဝင်ပေါက်မှာရှိတဲ့ လင်းကျန်ဖိနပ်က ပျောက်ဆုံးနေတာကို တွေ့လိုက်ရတယ်။ သူ့နှလုံးသားက အခုန်မြန်လာရင်း အိပ်ခန်းထဲ အမြန်လှမ်းလာကာ လော့ခ်ချမထားတဲ့ တံခါးကို တွန်းဖွင့်လိုက်တယ်။ ဘယ်သူမှ မရှိလေဘူး။

ကုမင်းရန် ခဏတာလောက် ကြက်သေသေသွားပြီးမှ အိပ်ရာပေါ်ကအနွေးဓာတ်ကိုစစ်ဆေးကြည့်ဖို့ အထဲကိုလှမ်းလာခဲ့လိုက်တယ်။ အိပ်ရာခင်းက အေးစက်နေခဲ့ပြီ။ သူထွက်သွားပြီး သိပ်မကြာခင်မှာ လင်းကျန်ပါ ထွက်သွားတယ်ဆိုတာ သေချာပေါက်ပဲ။

သူ ကုတင်ပေါ်မှာ ခဏထိုင်နေရင်း ဟောင့်မုန်ထံ မက်ဆေ့ခ်ျပို့လိုက်တယ်။

{လင်းကျန် ကျောင်းကိုပြန်ရောက်နေပြီလား}

ကံကောင်းလို့ သူဟာ အရင်တုန်းက ဟောင့်မုန်နဲ့ ဖုန်းနံပါတ်ချင်း လဲထားမိလိုက်တယ်လေ။

ဟောင့်မုန်က ချက်ချင်းစာပြန်တယ်။

{ပြန်ရောက်ပြီ။ အခု အိပ်ပျော်နေတယ်}

ဟောင့်မုန်က အိပ်စင်အပေါ်ထပ်ကလူကို အမြန်လှမ်းကြည့်ရင်း စာရိုက်လိုက်တယ်။

{လင်းကျန်ကပြောတယ်။ သူက မင်းနဲ့လမ်းခွဲလိုက်ပြီတဲ့။ နောက်ဆို မင်းနဲ့မဆက်သွယ်နဲ့တော့လို့ ငါ့ကိုပြောတယ်}

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now