Ch84 - He Only Had Two-Pack Abs Left

6.7K 1.2K 81
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch84 - He Only Had Two-Pack Abs Left

ကျိလျောင်က တောက်တောက်ပပ ပြုံးပြလိုက်တယ်။ သူ့မျက်လုံးလေးတွေက လခြမ်းကွေးသဏ္ဍန်ကွေးညွှတ်သွားရင်း မေးခွန်းစာရွက်တွေကို ကောင်ငယ်လေးရှေ့တွန်းပို့လိုက်ရင်း ဆော်သြလိုက်တယ်။

"ရေးတော့!"

သုံးမိနစ်အတွင်းမှာ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းမလဲ သူသိချင်လှတယ်။

ဟယ်ချန်းမင်က ကျစ်ခနဲ အသံထွက်ရင်း အပြာရောင်ဘောပင်ကို ကောက်ကိုင်လိုက်ပြီးတော့ မေးခွန်းကိုငုံ့ကြည့်လိုက်တယ်။ စက္ကန့်အနည်းငယ်ကြာအောင်ကြည့်ပြီးတာနဲ့ သူက ဖော်မြူလာတွေ စတင်ချရေးတော့တယ်။

ကျိလျောင်က သူ့ကိုကြည့်နေရင်း ဒီတဒင်္ဂလေးမှာ ဟယ်ချန်းမင်က တော်တော်ကြီးကို ချောမောခန့်ညားတာပဲလို့ တွေးနေမိတယ်။အလွန်အလေးအနက်ထားနေတဲ့ ဒီအမူအရာက သူ့ကိုမျက်လုံးလွှဲမရနိုင်အောင် ဖြစ်စေတယ်။ဟယ်ချန်းမင်ခန္ဓာကိုယ်က အလင်းရောင်တြွေဖာထွက်ပြီး အရမ်းကိုတစ်လက်လက်တောက်ပနေတဲ့အလားပုံစံလေးက သူ့နှလုံးသားလေးကို လှုပ်ရှားသွားရစေတယ်။

"မင်း ကိုယ့်ကိုအဲ့လိုကြီးကြည့်နေရင် ကိုယ်ဘယ်လိုလုပ် ရေးနိုင်တော့မလဲကွာ"

ဟယ်ချန်းမင်က ဘော့ပင်ကိုဘေးကိုပစ်ချလိုက်ပြီးတော့ ခုံပေါ်ကို နောက်ပြန်ပစ်လှဲထိုင်လိုက်ကာ သူ့ကို ခပ်ဖျော့ဖျော့ပြုံးပြရင်း ကြည့်လိုက်တယ်။

ကျိလျောင်မျက်နှာပေါ်မှာတော့ ရှက်ရွံ့တဲ့အရိပ်အယောင်တွေ ပေါ်သွားရင်း သူ့ကို အားစိုက်ပြီးဆွဲထူလိုက်ရတယ်။

"အိုကေ...ငါမကြည့်တော့ဘူး"

ဟယ်ချန်းမင်က သူ့ဦးနှောက်ကိုဆက်ပြီး အလုပ်ပေးနေလိုက်တယ်။သူက ခန္ဓာကိုယ်လှုပ်ရှားရတဲ့ကိစ္စကို ပိုပြီးတော့သဘောကျတာဖြစ်ပေမယ့်လည်း ကျိလျောင်တက်ကြွနေတာလေးကိုမြင်ရတော့ မနှောင့်ယှက်ရက်တော့ပဲ အလိုက်သင့်မျောပါပေးလိုက်လေတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now