Side Story 16 (Gu❤️Lin)

4.8K 980 41
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch106 - Side Story 16 – Part Without Any Hard Feelings (Gu Ming Ren x Lin Jiang)

လင်းကျန်နဲ့ ကျန်းဝေက ကော်ဖီဆိုင်မှာ တွေ့ကြဖို့ ချိန်းဆိုလိုက်ကြတယ်။

နှစ်ယောက်သားက မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတယ်။ အမျိုးသမီးက ယုံကြည်မှုရှိစွာ အလှတရားနဲ့ ကျက်သရေရှိမှုတွေကို ဖော်ထုတ်ပြနေချိန်မှာ လူငယ်လေးကတော့မကြည်လင်စွာနဲ့ စားပွဲအောက်မှာလက်ချောင်းတွေကို မသက်မသာ ယှက်ဖြာဆုပ်ကိုင်ထားမိတယ်။

"ဘာသောက်မလဲ"

ကျန်းဝေပြုံးပြလိုက်တယ်။

"မလိုဘူး ခင်ဗျားပြောစရာရှိတာသာ ပြောလိုက်"

လင်းကျန် ခေါင်းမော့ကာ သူမကို တည့်တည့်စိုက်ကြည့်လိုက်တယ်။

"ကြည့်ရတာ ဂျူနီယာလေးက တို့အပေါ်မှာအရမ်း ရန်လိုနေသလိုပဲနော်"

ကျန်းဝေက ပေါ့ပေါ့ပါးပါးဆိုလိုက်တယ်။

ပြောနေရင်း သူမကကော်ဖီကိုမွှေလိုက်တယ်။ နောက်ဆုံးမှ သူမကကြွေဇွန်းကို ချကာ တစ်ငုံသောက်လိုက်တယ်။

" လွန်ခဲ့တဲ့လေးလလောက်က မင်းမိဘတွေက တရားမဝင်ငွေမည်းတွေကို ခဝါချတဲ့ကိစ္စနဲ့ သံသယရှိခံရပြီးတော့ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်။ ဒီကိစ္စက ပြီးသွားပြီ ဟုတ်တယ်မလား"

ကျန်းဝေ လင်းကျန်ကို သနားတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ မိုက်မဲလိုက်တဲ့ကလေး...ကုမင်းရန်လို ဝံပုလွေကိုမှ နှလုံးသားကိုပုံအပ်ပြီး ယုံရဲတယ်ပေါ့။

"ဘာလို့များ ဒီကိစ္စ ဖြစ်လာရတယ်ဆိုတာရော မင်းသိရဲ့လား"

ကျန်းဝေက အိတ်ထဲကနေ ဓာတ်ပုံအချို့ ထုတ်ကာ သူ့ကိုပစ်ပေးလိုက်တယ်။ အကုန်လုံးက လုပ်ငန်းလွှဲပြောင်းမှုတွေချည်းပဲ။

"ဘာကြောင့်လဲဆိုတော့ မင်းမိဘတွေက တစ်ခြားတစ်ယောက်အစား လွှဲချခံလိုက်ရလို့ပဲ။ အဖမ်းခံရမှာကြောက်ပြီး ထွက်ပြေးတိမ်းရှောင်လိုက်တာက သူတို့အပြစ်ကို သက်သေပြသလိုဖြစ်သွားတာ။ တစ်ချိန်တည်းမှာပဲ ဒီအမှုအတွက် တာဝန်ယူရမယ့်လူကိုအတည်ပြုစရာလူလည်း ရှာစရာမလိုတော့ဘူးပေါ့"

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now