Ch43 - A Diary Lying Inside

9.8K 1.4K 40
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch43 - A Diary Lying Inside

အဲဒီညမှာ သူက ဟယ်မိသားစုရဲ့ စံအိမ်ကို ပြန်လာခဲ့တယ်။

အားလုံးသော အိမ်စေတို့က သူဝင်လာတာမြင်တာနဲ့ လုပ်လက်စတွေရပ်ကာ "ဒုတိယသခင်လေး" လို့ခေါ်ဆိုနှုတ်ဆက်ကြတယ်။

ဟယ်ချန်းမင်ကတော့ မျက်လုံးလေးတောင်ဝေ့ပြပြီး အသိအမှတ်ပြုမနေဘူး။ အိတ်ကပ်ထဲကို လက်နှစ်ဖက်လျိုလို့ ခပ်တည်တည်ပဲ ဖြတ်လျောက်လာတယ်။သူက ဒီလို မြေရှင်ပဒေသရာဇ်စနစ်လိုမျိုး ရာထူးဂုဏ်ရှိန်ဝါစဉ်အလိုက် ပြုမူဆက်ဆံခံရတာကို သိပ်မုန်းတာ။

၂၁ ရာစုတောင်ရောက်နေပြီ။ ဒီလို ဒိတ်အောက်နေတဲ့ အပြုအမူတွေကို ကျင့်သုံးနေကြတုန်း။

ဒါပေမဲ့လည်း ဒီစနစ်က ဟယ်မိသားစုမျိုးရိုးရဲ့ အစဉ်အလာလို ဖြစ်နေတော့ သူလည်း ပြောင်းလဲပစ်ဖို့ရာ မတတ်နိုင်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့ကတော့ သူ့ကို ဖိနှိပ်ချုပ်ချယ်သလို ဖြစ်နေတဲ့ ဒီအိမ်မှာ နေချင်စိတ် မရှိတော့တာပါပဲ။

သူ ဒီအိမ်ကို မလာခင်မှာ ဟယ်မုရှန်ကို ကြိုဖုန်းဆက်ပြီးသား။ ဆိုတော့ အိမ်ရောက်တာနဲ့ ခြေလှမ်းကြဲကြီးတွေနဲ့ သူက ဟယ်မုရှန် ရှိနေမယ့် စာကြည့်ခန်းဆီ သွားတော့တာပဲ။ အခန်းထဲမှာတော့ ဟယ်မုရှန်က စာရွက်စာတမ်းအချို့ကို ဖတ်ရှုနေလေတယ်။

"လက်မှတ်ထိုးပေးဦး"

ဟယ်ချန်းမင်က အနားကိုလျောက်သွားရင်းနဲ့ အချိန်ပိုင်းအလုပ် စာချုပ်ကို စားပွဲပေါ်တင်ပေးလိုက်တယ်။

ဟယ်မုရှန်က ဖြတ်ခနဲ ကြည့်ရင်း စဉ်းစားရကြပ်သလို ဖြစ်သွားတယ်။

"မင်းသူ့ကို ရအောင် မလိုက်နိုင်သေးဘူးလား။ ခုမှ ကြိုးစားနေရတုန်းလား"

"အကျိုးရှိအောင်လုပ်တယ်လို့ ခေါ်တယ်ဗျ။ ခံစားချက်တွေကို ခိုင်မာအောင် လုပ်နေတာပေါ့။ နားလည်လား။ ပေါက်ကရတွေ မပြောပဲ လက်မှတ်သာ မြန်မြန်ထိုးပေးပါဗျာ။ ကျွန်တော့်အမေက ခဏနေရင် ပြန်လာတော့မှာ"

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now