Unicode
What Should I Do if the School Bully is Interested in Me
Ch101 - Side Story 11 – I Can’t Do Without You (Gu Ming Ren x Lin Jiang)
come outလုပ်တော့မယ့်သားတစ်ယောက်ကို မိခင်ဖြစ်သူ ဖမ်းမိသွားတဲ့မြင်ကွင်းက အလွန်တရာ နာကျင်စရာကောင်းလှတယ်။
အထူးသဖြင့် လင်းကျန်အတွက်ပေါ့။ ကုမင်းရန်ရဲ့ ထိုအမျိုးသမီးကို "မား"လို့ ခေါ်တာကြားအပြီးမှာ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားရတယ်။သူ့ကိုယ်ပေါ်မှာ စောင်ပါးပါးလေးတစ်ခုသာ ဖုံးထားပြီး ထိုအောက်မှာတော့ သူဟာ ကိုယ်လုံးတီးပဲ။ကုမင်းရန်အမေ မမြင်နိုင်ဘူးဆိုပေမယ့်လည်း သူ့ကိုယ်သူတော့ သိနေပြီးတော့ တော်တော်ကြီးကို အပေါစားဆန်သလို ခံစားလိုက်ရတယ်။
လီယန်ဟာ လူသိများကျော်ကြားတဲ့မိသားစုမှာ မွေးဖွားလာခဲ့သူဖြစ်တယ်။သူမဘယ်လောက်ပဲ ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေပါစေ ရုပ်ပျက်ဆင်းပျက်ဖြစ်စေမယ့်အရာတစ်ခုခုကို မလုပ်သင့် မပြောသင့်သေးဘူးဆိုတာကို သူမရဲ့ ကောင်းမွန်စွာပျိုးထောင်သွန်သင်ခံထားရမှုတွေက အဆုံးအဖြတ်ပေးနေတယ်။
ထိတ်လန့်မှုကနေ အသိဝင်လာတဲ့အခါမှာတော့ သူမအကြည့်တွေကိုတောင်လွှဲလိုက်ပြီး ဧည့်ခန်းထဲကိုသွားကာ လင်းကျန်ကို အိပ်ရာထဲကထွက်ပြီးအဝတ်အစားဝတ်နိုင်ဖို့ အခွင့်အရေး ပေးလိုက်တယ်။ထုံးစံအတိုင်း ဒီလို ကြင်နာနူးညံ့မှုတွေနဲ့ ရည်မွန်မှုတွေက ကုမင်းရန်အတွက်တော့ အရာရာကိုလျစ်လျူရှုပြီး အိမ်ကနေ come outလုပ်ပစ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ နှစ်ဖက်ထဲက တစ်ယောက်ကသာ ဆိုးဝါးနေမယ်ဆိုရင် သူ တစ်ခြားတစ်ဖက်ကိုရွေးချယ်ပစ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။
ဒါပေမဲ့ သူ့မိဘတွေဟာ သူ့ကိုယုံကြည်ကိုးစားသလို ချစ်မြတ်နိုးကြတယ်။ ဒါကြောင့် သူဟာ မိဘတွေရဲ့ခံစားချက်တွေကိုလည်း မသိစိတ်ကနေ စဉ်းစားပေးနေမိပြီးတော့ ဘယ်ဟာကိုမှ မဆင်မခြင် မလုပ်နိုင်ခဲ့ဘူး။ကုမင်းရန်က လီယန်ရှေ့မှာ ဒုတ်ခနဲ ဒူးထောက်ချလိုက်တယ်။ ဒီအပြုအမူကြောင့် လီယန်မှာ ပါးစပ်ကိုအုပ်ပြီး မျက်ရည်တွေကျလာတော့တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။