Zawgyi
What Should I Do if the School Bully is Interested in Me
Ch93 - Side Story 3 – Well Done, Lin Jiang (Gu Ming Ren x Lin Jiang)
တစ်ဖက်လူက ခုတော့ဖြင့် သူ့ရဲ့ရွှေရောင်ပိုင်ရှင်ကြီး ဖြစ်သွားပြန်ပြီ။ သူလိမ္မာမှ ဖြစ်မယ်။ မဟုတ်ရင် ထောက်ပံ့ငွေတွေ ဖြတ်ပစ်လိုက်လို့ သူ့မှာ တောင်းပန်နေရဦးမယ်။
"ဘာကိစ္စလဲ"
လင်းကျန်က ခြေထောက်တွေခွဲကာ ဖြစ်တက်ကဆန်းလျော့ရဲစွာ ရပ်နေလိုက်တယ်။
ကုမင်းရန်က မှုန်တေတေနဲ့ သူ့ကိုကြည့်လာတယ်။
"မင်းငါ့ကို တစ်ခုခုပြောစရာမရှိဘူးလား"
လင်းကျန်က အဲ့လိုဒွိဟဖြစ်စေတဲ့မေးခွန်းမျိုးကို အကြောက်ဆုံးပဲ။
"မင်းကြားချင်တာသာ ပြောချလိုက်စမ်းပါ"
ပြောစရာရှိရင်လည်း ပါးစပ်ပေါက်ကြီးရှိနေတာပဲ ပြောချလိုက်ပါလား။ သတိတွေ လာပေးစရာ လိုလား။ လင်းကျန်က တိတ်တိတ်လေး ဆဲနေမိတယ်။ တော်တော်များများအချိန်တွေမှာ သူ ကုမင်းရန်ရဲ့အတွေးတွေကို နားမလည်နိုင်ဘူး။သူတို့နှစ်ယောက်က တူညီတဲ့လမ်းကြောင်းမှာ ရှိမနေဘူးလို့လည်း အမြဲခံစားနေရတယ်။
"လွန်ခဲ့တဲ့နှစ်ပါတ်က မင်း ငါ့ကိုဖြားယောင်းခဲ့တယ်"
ကုမင်းရန်ကသူ့ကို ရှင်းရှင်းလင်းလင်းကြီးကို သတိပေးလာတယ်။
လင်းကျန်က အနေရခက်စွာ ချောင်းဟန့်လိုက်တယ်။တစ်ဖက်လူခေါင်း တစ်ခုခုများ ဖြစ်နေသလားလို့တောင် သူတွေးမိလာတယ်။ဒီကိစ္စက လွန်ခဲ့တဲ့လဝက်ကတည်းက ဖြစ်ခဲ့တာလေ။ သူကခုထိ တွေးနေတုန်းတဲ့လား။ ပြီးတော့လည်း သူ့ကိုယ်သူရောင်းစားထားပါတယ်လို့ ပြောပြီးသားပဲ။ပိုက်ဆံယူပြီးမှ ချစ်တင်းမနှောလို့ ဖြစ်မလား။ဘာလဲ။သူ့ကို သားတစ်ယောက်လို ပြုစုပျိုးထောင်ပေးမလို့လား။
သူဆိုတဲ့ လင်းကျန်ကတော့ အချစ်တော်ဖြစ်ရမယ်ဆိုရင်တောင် ကုမင်းရန်ရဲ့သားတော့ အဖြစ်မခံနိုင်ဘူး။
ူ
ဒီတော့ သူက သူ့ဖင်လေးပဲရောင်းစားဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားတယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။