Ch64 - Sons Opposing the Father

6.5K 1.2K 51
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch64 - Sons Opposing the Father

ဟယ်ချန်းမင်က စိတ်တွင်းက ဒေါသတွေကို ဖိနှိပ်ရင်း ဟယ်ယွဲ့ကျင်းကို တစ်ဖြည်းဖြည်းအေးစက်လာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေလိုက်တယ်။ အဲ့ဒီနောက်မှ သူ့နှုတ်ခမ်းတို့က ကွေးညွှတ်သွားရင်း ခပ်စူးစူးပြုံးလို့ တံခါးကို အသံမြည်အောင် ဆောင့်ပိတ်ရင်းက ထွက်သွားတော့တယ်။

အဲ့ဒီ မတူမတန်သလို အထက်စီးဆန်ဆန်အအြုအမူက ဟယ်ယွဲ့ကျင်းကို အလွန်အမင်း စိတ်တိုရစေတာကြောင့် သူဟာ စားပွဲပေါ်က ဖိုင်တွေကို ကောက်ကိုင်ရင်း တံခါးရှိရာဘက်ဆီ ပစ်ပေါက်လိုက်တယ်။ စာရွက်တွေကတော့ ကြမ်းပြင်ပေါ်ကို တစ်ရွက်စီ ပြန့်ကြဲ ကျသွားစေလေရဲ့။

စောနတုန်းက သူ့သားမျက်လုံးထဲက အေးစက်တည်ငြိမ်တဲ့အကြည့်တွေကို တွေးမိတော့ သူက မသက်မသာ ဖြစ်လို့လာတယ်။ဟယ်ယွဲ့ကျင်းက စိတ်တိုနေပေမယ့်လည်း မျှော်လင့်မထားတဲ့ ဒီကိစ္စကို လျစ်လျူရှုမထားနိုင်သေးဘူး။ ဟယ်ချန်းမင်က ဟယ်မိသားစုဝင်ဖြစ်ဖို့ အထိုက်တန်ဆုံးပဲလေ။ ဥာဏ်ကောင်းရုံတင်မကဘူး သတ္တိလည်း ရှိတာမို့ နောင်အနာဂါတ်မှာ အလွန်စွမ်းဆောင်ရည်ရှိတဲ့ လူတစ်ယောက် ဖြစ်လာမှာပဲ။

ဒါပေမဲ့လည်း ဒါက ဟယ်ချန်းမင်ကို အမှားလုပ်ခွင့်မပြုတော့ဘူးဆိုတဲ့ သူ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာလာစေခဲ့တယ်။

သားငယ်ဖြစ်သူနဲ့ ဆွေးနွေးလို့အပြီးမှာတော့ နောက်ထပ်ဆွေးနွေးရမယ့်လူကတော့ သူ့မျက်စိအောက်မှာတင် ပရိယာယ်လှည့်စားမှုတွေ လုပ်နေတဲ့ သားကြီးဖြစ်သူပဲ။

သူဟာ ဟယ်မုရှန်ကို ဖုန်းခေါ်ဖို့ နံပါတ်တွေကို နှိပ်လိုက်တော့တယ်။

***********

ဟယ်ချန်းမင်တစ်ယောက် အခန်းထဲ ပြန်ရောက်တော့မှ ကျိလျောင်ရဲ့ နာရီဝက်လောက် မငြိမ်မသက်ဖြစ်နေတဲ့ နှလုံးသားလေးက နောက်ဆုံးမှာ ငြိမ်းအေးသွားရတယ်။သူက ထိုင်ရာကထလို့ နှုတ်ဆက်ရင်း မေးလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now