Zawgyi
What Should I Do if the School Bully is Interested in Me
Ch49 - I’m He Cheng Ming’s Mother
"ကျွန်တော့်ကို အတန်းကျော်တက်ခိုင်းဖို့ ထပ်မစဉ်းစားနဲ့တော့။ ဒါပါပဲ"
ဒီနေရာမှာ ထပ်ပြောနေလို့လည်း အကျိုးရှိမှာ မဟုတ်တော့တာမို့။ ဟယ်ချန်းမင်က နောက်ဆုံးအနေနဲ့ ထိုစကားကို အေးအေးဆေးပြောလိုက်ကာ လှည့်ထွက်လာခဲ့တော့တယ်။
ကျောက်မိန်လန်က သူမသားကို မှားယွင်းတဲ့ဆေးတွေ သောက်ခွင့်ပြုခဲ့မိတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ အနည်းငယ် စိုးရိမ်ပူပန်မိသွားတယ်။ သူမက ရမ်းကုဆရာဝန်ရဲ့စကားတွေကို ယုံကြည်မိတာကြောင့်လည်း နောင်တတွေ ရနေမိတယ်။တစ်ချိန်တည်းမှာပဲ သူမသားက တစ်စုံတစ်ရာမှားယွင်းနေတဲ့အကြောင်းကို အချိန်မှီသိရှိသွားတဲ့အထိ ထက်မြက်နေလို့လည်း သူမက ဝမ်းသာနေရတယ်။မဟုတ်ရင်တော့ သူမက ခုလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် အလေးထားခံနေရမှာတဲ့လဲ။
ဟုတ်တယ်။ သူမရရှိထားတဲ့ လူလေးစားခံရမှုတွေက ဟယ်ချန်းမင်အပေါ်မှာ အမှီပြုနေရတာတွေချည်းပါပဲ။
သူမမှာ ထူးချွန်ထက်မြက်တဲ့သား ရှိနေလို့သာ ဟယ်ယွဲ့ကျင်းက သူမကိုအရင်ကထပ်ပိုပြီး မျက်နှာသာပေးလာတာဖြစ်သလို သူမအပေါ် လုံလုံလောက်လောက်ကြီးကို အလေးထားပေးလာတာဖြစ်တယ်။အသိုင်းဝိုင်းထဲက သူငယ်ချင်းအကုန်လုံးကလည်း ဟယ်ချန်းမင်က မိသားစုစီးပွားရေးကို အမွေဆက်ခံတဲ့အချိန်ကျရင် သူတို့ကို ကြည့်ရှုစောင်မပေးဖို့ ဆိုတဲ့မျှော်လင့်ချက်နဲ့ သူမရဲ့ မျက်နှာသာပေးခံရဖို့ အစွမ်းကုန်ကြိုးစားနေကြတာ ဖြစ်တယ်။
သူမက ဘာနောက်ခံမှမရှိတဲ့ အမျိုးသမီးမလို့ ဒီအခြေအနေထိရောက်လာဖို့ဆိုတာ လွယ်ကူလှတာ မဟုတ်ဘူး။ ဒီလိုပုံစံမျိုးနဲ့ သူမက ဘာလို့လက်လျော့ရမှာတဲ့လဲ။
အဲဒါကြောင့် အဲ့ဒီညမှာ နှစ်ကိုယ်ကြား တီတီတာတာတွေ ပြောရင်းနဲ့ သူမက ဟယ်ယွဲ့ကျင်းကို ဟယ်ချန်းမင်က ဘဏ္ဍာရေးပိုင်းကိုသင်ယူချင်နေတယ်လို့ ပြောလိုက်ပြီးတော့ သူ့ကိုသင်ကြားပေးဖို့ ထင်ပေါ်ကျော်ကြားတဲ့ဆရာတစ်ယောက် ရှာပေးဖို့ မေးမြန်းလိုက်တော့တယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
STAI LEGGENDO
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Storie d'amoreမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။