Zawgyi
What Should I Do if the School Bully is Interested in Me
Ch68 - He Really was the Best Damn Brother in China!
နောက်တစ်နေ့မှာ သူက မုန့်ယောင်ယောင်နဲ့အတူ အိမ်ကထွက်လာခဲ့တယ်။
သူ့အနေနဲ့ မုန့်မိသားစုထံမှာ ပြောင်းရွေ့နေပြီးကတည်းကသူ့ကိုလာကြိုဖို့ ဟယ်ချန်းမင်ကို ခွင့်မပြုတော့ဘူး။ဒါကအတော်လေး ကို ဟိတ်ဟန်ထုတ်သလိုကြီးဖြစ်နေတယ်လေ။
မနေ့ညက မိုးသည်းထန်စွာရွှာထားတာမို့ ခုမနက်မိုးကောင်းကင်ကတော့ ပြာလွင်ပြီးကြည်လင်နေတယ်။ တိုက်ခတ်တဲ့လေတွေတောင်မှ လတ်ဆတ်နေလေတယ်။
မုန့်ယောင်ယောင်က ခုန်ပေါက်ပြီးလမ်းလျောက်နေရင်းမှ သူမက ခေါင်းငိုက်စိုက်ချရင်း အတွေးနက်နေပုံပေါ်တဲ့ ကျိလျောင်ကိုမြင်တော့ မမေးပဲ မနေနိုင်တော့ဘူး။
"နင်ဘာဖြစ်နေတာလဲ။ စိတ်မကြည်တဲ့ပုံလိုပဲ"
ကျိလျောင်က စိတ်မပါ လက်မပါနဲ့ပဲ သူ့စိတ်ဓာတ်ကိုမြှင့်တင်ဖို့ကြိုးစားလိုက်ပြီးတော့ နှစ်ကြိမ်လောက် အသက်ပြင်းပြင်းရှုသွင်းလိုက်တယ်။
"ဘာရယ်မဟုတ်ပါဘူး"
မုန့်ယောင်ယောင်က ပခုံးတွန့်လိုက်ရင်း ဘက်စ်ကားတစ်စီးက တစ်ဖြည်းဖြည်းနဲ့ နီးကပ်လာတာကိုမြင်တော့ သူမက ကျိလျောင်လက်ကိုဆွဲရင်း ကားပေါ်တူတူတက်လိုက်ကြတယ်။နှစ်ယောက်သားက နှစ်ယောက်ထိုင်ခုံမှာပဲ တူတူဝင်ထိုင်လိုက်ကြတယ်။
မုန့်ယောင်ယောင်ကသူမဘေးနားကလူကို ခေါင်းလှည့်ကြည့်လိုက်ရင်း ဒီနေ့တော့ သေချာပေါက် ပြဿနာတစ်ခုခုရှိနေတာပဲလို့ တွေးမိသွားတယ်။ ပုံမှန်ဆိုရင် သူက သူများတွေ အထင်လွဲကုန်မှာ စိုးရိမ်တယ်လို့ပြောပြီး သူမနဲ့အတူတူ ထိုင်ဖို့ဆန္ဒမရှိဘူးလေ။
လုပ်စမ်းပါ...သူက ဂေးမလား။ အထင်လွဲစရာ ဘာများရှိလို့တုန်း။
ဒါပေမဲ့ သူ့အတွေးတွေ လွင့်မြောနေတာကိုမြင်တော့ မုန့်ယောင်ယောင်က သူမဘေးနားမှာထိုင်နေမိတယ်ဆိုတာကိုများ သူသတိမထားမိတာလားဆိုတာ သိချင်လာတယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။