Side Story 6 (Gu❤️Lin)

5.4K 1.1K 136
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch96 - Side Story 6 – Worth This Price (Gu Ming Ren x Lin Jiang)

သူဘာတွေလုပ်နေမိတယ်ဆိုတာ အသိဝင်လာချိန်မှာတော့ ဘက်စ်ကားက သူသွားချင်တဲ့နေရာကို ဆိုက်ရောက်သွားခဲ့ပြီ။

လင်းကျန်က ကားပေါ်ကဆင်းရင်း သူရုတ်တရပ်ရောက်လာရတဲ့အကြောင်းကိုရှင်းပြဖို့ ပေးရမယ့်အကြောင်းပြချက်ကို တွေးနေမိတယ်။တကယ်တမ်းကျ တောင်းပန်ဖို့လာတာပါ။ သူ့အမှားတွေဝန်ခံဖို့ပါ။ ဘလာဘလာတစ်ခုခုမျိုးပေါ့လေ။

သူ့မှတ်ဥာဏ်တွေအရ လင်းကျန်ဟာ အပေါ်ထပ်ကိုတက်လာရင်း  တံခါးနားက ပန်းအိုးကနေ အပိုသော့တစ်ချောင်းကို ဆွဲထုတ်ရင်း ဖွင့်လိုက်တယ်။

အထဲမှာ တိတ်ဆိတ်နေတယ်။ ပြီးမှ သူဟာ တစ်ဖက်လူက အတန်းရှိနေလောက်တာကြောင့် အိမ်မှာမရှိလောက်ဘူးပဲလို့ သတိဝင်သွားတယ်။

လင်းကျန်က အိမ်တွင်းစီးဖိနပ်ကို လဲဝတ်လိုက်တယ်။သူ့အပိုင်ဖြစ်တဲ့ဖိနပ်တစ်ရန်ဟာ ဖိနပ်စင်မှာ ရှိနေဆဲပဲ။

ကုမင်းရန်က အသံကြားတော့ မျက်မှန်ကို လက်ထဲမှာကိုင်ရင်း ညအိပ်ဝတ်စုံကြီးနဲ့ အပြင်ထွက်လာတယ်။ လင်းကျန်ကိုမြင်တော့ သူကြက်သေ သေသွားတယ်။

လင်းကျန်က ခဏလောက်ရှက်ရွံ့နေပြီးမှ တစ်ခုခုပြောဖို့ကြိုးစားလိုက်တယ်။

"မင်း ဒီနေ့ အတန်းမရှိဘူးလား"

ကုမင်းရန်က သတိပြန်ကပ်သွားတယ်။ သူ့မျက်နှာမှာ ဘာအမူအရာမှ မပေါ်စေရပဲ ရေအနည်းငယ်သောက်ဖို့ရာ လျောက်လာလိုက်တယ်။

"အင်း"

တကယ်တော့ရှိတယ်။ သူစိတ်ညစ်နေလို့ အတန်းလစ်ထားတာ။

လင်းကျန်က မသက်မသာဖြစ်လာရင်း သူ့မျက်လုံးတွေက နေရာတိုင်းကို လိုက်လှည့်ကြည့်နေရင်းမှ ရှင်းပြလိုက်တယ်။

"ဟိုဟာ...ငါပစ္စည်းတစ်ချို့ လာသိမ်းတာ"

ပြောပြီးတာနဲ့သူဟာ သူ့ကိုယ်ပိုင်အခန်းကိုသွားပြီး တံခါးဆွဲဖွင့်လိုက်တယ်။တစ်ချက်ကြည့်လိုက်တော့ အထဲကပရိဘောဂတွေက အရင်အတိုင်းပဲဆိုတာ တွေ့လိုက်ရတယ်။ ကုတင်ခေါင်းရင်းထိပ်မှာတော့ ဘဏ္ဍာရေးစာအုပ်အနည်းငယ်ရှိလို့နေတယ်။အဝတ်ဗီရိုထဲမှာလည်း အင်္ကျီတွေအပြည့်ပဲ။အဲ့ဒီအင်္ကျီတွေက သူ့အင်္ကျီတွေမဟုတ်ပေမယ့် ကုမင်းရန်အင်္ကျီတွေဖြစ်နေတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Donde viven las historias. Descúbrelo ahora