Side Story 27 (Gu❤️Lin)

5.4K 904 23
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch117 - Side Story 27 – This Was What He Liked (Gu Ming Ren x Lin Jiang)

သူ့ရဲ့ဖိုင်နယ်စာမေးပွဲပြီးဆုံးသွားတဲ့အခါ ကုမင်းရန်နဲ့ လင်းကျန်က အတူနေကြတဲ့ဘဝတစ်ခုကို အရှက်တစ်စိုးတစ်စိမှ မရှိစွာပဲ လောဘတကြီးစတင်ခဲ့ကြတယ်။

လူငယ်နှစ်ယောက်က အတော်လေးကို ထိန်းချုပ်ထားမှု မရှိခဲ့ကြဘူး။ တစ်နေကုန် အိပ်ယာပေါ်မှာချည်း တစ်ယောက်နဲ့တစ်ယောက် ကိုက်လိုက်ဆွဲလိုက်နဲ့ ပွဲတွေဆင်နွဲနေကြတယ်။ နောက်ဆုံး သူတို့နှစ်ယောက် ခြေကုန်လက်ပမ်းကျသွားကြတဲ့အခါမှပဲ ရပ်တန့်လိုက်ကြတယ်။

ဒီနေ့မှာတော့ လီယန်က သူတို့အိမ်ကိုရောက်ရှိလာခဲ့တယ်။ သူမရဲ့သားဖြစ်သူက အိမ်ပြန်မလာတာ အတော်ကြီးကြာခဲ့ပြီ။ဒါကြောင့် သူမလာပြီး ကြည့်ရတာဖြစ်တယ်။ အဆုံးကျတော့ သူမအထဲဝင်လာချိန်မှာ ဧည့်ခန်းက တိတ်ဆိတ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ပုံရိပ်ကိုတောင် မမြင်ရလေဘူး။

အချိန်ကိုကြည့်လိုက်တော့ ၁၁နာရီတောင် ထိုးလုပြီ။ လီယန် အော်ခေါ်ကြည့်လိုက်တယ်။

"ဘေဘီရေ"

လင်းကျန် နားတွေက အတော်ပါးတယ်။ သူဟာ ချက်ချင်းပဲ အိပ်ရာကနေ လွှားခနဲ ထခုန်ရင်း နားကြပ်တပ်လို့ စာအုပ်ဖတ်နေတဲ့ ကုမင်းရန်ကိုပါ လှမ်းကန်ပစ်လိုက်တယ်။

"ကြည့်ရတာ မင်းအမေရောက်လာတာနဲ့တူတယ်"
 
ကုမင်းရန်က သီချင်းသံကိုပိတ်ရင်း ခဏလောက် ငြိမ်နေလိုက်တယ်။ သေချာပေါက်ကိုပဲ သူ သူ့အမေရဲ့ တွေးဆနေဟန်အသံကို ကြားလိုက်ရတယ်။

"အိမ်မှာ မရှိတာတော့ မဟုတ်လောက်ပါဘူးနော်"

လင်းကျန် အမြန်အဆန်ပဲ အဝတ်အစားတွေ ဝတ်လိုက်တယ်။ အရင်တစ်ခါ လီယန်က သူ့ကို အိပ်ရာထဲမှာပဲ ပက်ပင်းဖမ်းမိခဲ့တဲ့အချိန်ကို ပြန်တွေးမိသွားတော့ သူ့နဖူးမှာ ချွေးတွေပျံလာတယ်။ လီယန်က သူ့အပေါ်မှာ သေချာပေါက်ကို အမြင်ကောင်းတစ်ခုမှ ရှိမှာမဟုတ်ဘူးလို့ သူတွေးနေမိတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now