Zawgyi
What Should I Do if the School Bully is Interested in Me
Ch40 - I’ve Been Kicked Out. Will You Take Me In?
နောက်တစ်နေ့စာမေးပွဲ ဖြေပြီးသွားတဲ့အချိန်မှာတော့ အခန်းက ပြောဆိုဆွေးနွေးကြသံတွေနဲ့ဆူညံပွက်လောရိုက်နေပါတယ်။တစ်ချို့က မေးခွန်းတွေက သင်ရိုးမာတိကာရဲ့အချက်အလက်တွေထက်ကျော်ပြီးမေးထားလို့ ကွန်ပလိန်းတက်နေကြလေရဲ့။ တစ်ချို့ကတော့ အဖြေတွေ တိုက်နေကြပြီးတော့ ကျန်တဲ့လူတွေကတော့ နောက်ဆုံးမှာ စာမေးပွဲကြီးပြီးလို့ပျော်ရွှင်တက်ကြွနေကြလေတယ်။ ကျိလျောင်ကလည်း သူ့ဖုန်းမြည်မလာခင်ထိ အဲ့ဒီလိုလူတွေထဲက တစ်စိတ်တစ်ပိုင်းပါပဲ။သူကဖုန်းကိုကြည့်ပြီးတော့ စာသင်ခန်းအပြင်ဘက်ကို ထွက်ပြီးမှ ဖုန်းကိုင်လိုက်တယ်။
"အမေ"
အဲဒါက ရွှီအိုက်ဝမ် ဆက်တာပင်။
"ထန်ထန် အမေက ကျောင်းဂိတ်ဝမှာ အန်ကယ်မုန့်နဲ့တူတူ ရောက်နေတယ်။ သားဘယ်ချိန်လောက် ထွက်လာမလဲ"
"ကျိလျောင်က ဖြေလိုက်ပါတယ်။
"ကျွန်တော် ခု ထွက်လာခဲ့မယ်လေ"
သူက ကျောင်းလွယ်အိတ်ကို လွယ်လိုက်ရင်းမှ ကျိချင်းဝမ်က သူ ဖိုင်နယ်စာမေးပွဲ ဖြေပြီးတိုင်း လာကြိုပေးတတ်တာကို အမှတ်ရမိသွားတယ်။
အောက်ထပ်ကို ပြေးဆင်းရင်းနဲ့ ကော်ရစ်ဒါ နှစ်ခုလောက် ချိုးကွေ့ပြီးသွားတော့ မှ သူက ကျောင်းဂိတ်ပေါက်ကို ခပ်သွက်သွက် ပြေးသွားလိုက်တယ်။မျှော်လင့်ထားတဲ့အတိုင်းပဲ ရွှီအိုက်ဝမ်ကို မြင်လိုက်ရပါရဲ့။ ဒီနေ့တော့ သူမက မိတ်ကပ်ခပ်ပါးပါး လိမ်းထားတာမလို့ ပိုပြီးတော့ ကျက်သရေ ရှိသွားတဲ့ပုံပေါက်စေပြီးတော့ သူမဘေးနားက ရည်မွန်တဲ့လူနဲ့ အလွန်ပဲ လိုက်ဖက်ညီသွားစေတယ်။
ကျိလျောင်က ထိုနေရာကိုလျောက်သွားရင်းနဲ့ အော်ခေါ်လိုက်တယ်။
"အမေ....အန်ကယ်မုန့်"
ရွှီအိုက်ဝမ်က ပြုံးပြရင်းနဲ့ သူ့ဆီက ကျောပိုးအိတ်ကိုကူ ချွတ်ပေးတယ်။ မုန့်ယွမ်ကတော့ ကျောပိုးအိတ်ကို အလိုအလျောက်ပဲ ယူလိုက်ပြီးတော့ သူ့လက်ထဲမှာ ကိုင်ထားလိုက်တယ်။
BINABASA MO ANG
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။