Side Story 18 (Gu❤️Lin)

4.8K 990 19
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch108 - Side Story 18 – Breaking Up is Impossible (Gu Ming Ren x Lin Jiang)

နောက်တစ်နေ့မှာတော့ လင်းကျန်တစ်ယောက် မူးဝေဝေ မှုန်ဝါးဝါးမြင်ကွင်းနဲ့အတူ နိုးထလာချိန်မှာ နေ့လည်ခင်းတောင်ရှိနေခဲ့ပြီ။ သူဟာ အဆောင်မှာမဟုတ်ပဲ ကုမင်းရန်အိမ်မှာ ဆိုတာကို သဘောပေါက်သွားတယ်။

သူ ခန္ဓာကိုယ်ကို ထောက်ထိုင်ရင်း အိပ်ယာကနေထလိုက်တယ်။ ပါးစပ်ဟ ကြည့်တော့မှ သူ့လည်ချောင်းက ခြောက်သွေ့နေတာမလို့ အသံတစ်သံတောင်မထွက်နိုင်တာကို သတိပြုမိသွားရတယ်။

ကုတင်နံဘေးမှာတော့ ရေနွေးတစ်ခွက်ရှိနေတယ်။ လင်းကျန် ကောက်မော့ပစ်လိုက်တယ်။ သူအခန်းထဲကထွက်လာချိန်မှာတော့ ကုမင်းရန်ဖုန်းပြောနေတာကို ကြားလိုက်ရတယ်။

"အင်း မျိုးရိုးက လင်းပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို စစ်ဆေးကြည့်ပေးပါဦး"

ကုမင်းရန် ဖုန်းချကာ နောက်လှည့်လိုက်တော့ ဖြူလျော်လျော်၊ ပိန်ပါးပါးလူငယ်တစ်ယောက် မတ်တပ်ရပ်နေတာ မြင်လိုက်ရတယ်။အလွန်တရာအပြစ်ရှိစိတ်တွေက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းလာတယ်။

သူ့အကြည့်တွေက ခြေဗလာဖြစ်နေတဲ့ လင်းကျန်ခြေဖဝါးတို့ကိုမြင်တော့ မျက်မှောင်ကြုံ့သွားကာ လင်းကျန်ဆီလျှောက်သွားရင်း ပွေ့ချီကာ ဆိုဖာပေါ်မှာ ချထားပေးလိုက်တယ်။

"မင်းဘာလို့ ဖိနပ်မစီးတာလဲကွာ"

သူ့အသံက အရင်လို အချစ်တွေနဲ့ပြည့်နေတယ်။ လင်းကျန် ဒါကိုကြားတော့ မျက်လုံးတွေရဲလာရင်း သူ့ကိုမကြည့်တော့ပဲ ခေါင်းငုံ့ပစ်လိုက်တယ်။

"ငါတို့က လမ်းခွဲပြီးသွားပြီ"

အက်ကွဲတဲ့အသံနဲ့အတူ သူဟာ ကုမင်းရန်ကိုရော သူ့ကိုယ်သူပါ သတိပေးလိုက်တယ်။

ရာသီဥတုက ပိုပြီးအေးလာတာနဲ့အမျှ ကုမင်းရန် အိမ်က အိမ်စီးဖိနပ်အပါးတွေက ဂွမ်းဖိနပ်တွေအဖြစ် ပြောင်းကုန်တယ်။ သူက လင်းကျန်အတွက်ပါ အရင်လိုပဲ တစ်စုံကြိုထုတ်ပေးထားတယ်။ သူက တစ်ဖက်လူကို စိတ်ရှည်လက်ရှည်နဲ့ ဖိနပ်ကူစီးပေးရင်း ပြုံးကာ ပြောလိုက်တယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now