Ch42 - A Good Male God Eventually Becomes a Brother-in-Law

9.4K 1.6K 39
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch42 - A Good Male God Eventually Becomes a Brother-in-Law

ကျိလျောင်က အမြဲတမ်းပဲ သိတတ်လိမ္မာနာခံတဲ့ သားငယ်လေး ဖြစ်ခဲ့တာ။ဒီတော့ စောနက ကောင်လေး ဆွဲဆောင်လို့သာ သူ့သား ဒီလိုတွေ ဖြစ်ရတာလို့ ရွှီအိုက်ဝမ်က ကောက်ချက်ချပစ်လိုက်တယ်။ အဲဒီနောက်မှာတော့ ဟယ်ချန်းမင်အပေါ်မှာထားတဲ့ သူမရဲ့ အမြင်တွေကလည်း အောက်ဆုံးထိကို ကျသွားလေတော့တယ်။

ဒါပေမဲ့ သူမက ကျိလျောင် ခေါင်းမာတတ်တာကိုလည်း သိရှိထားပြီးဖြစ်တယ်။ လူငယ်ဆိုတာက သူတို့ကို ဖိအားများများ ပေးလိုက်ရင် သူတို့ဘက်ကလည်း ပိုပြီးတော့ ပုန်ကန်သောင်းကျန်းတတ်တယ်လေ။သူမက ဘာစကားမှ ထပ်မပြောတော့ပေမယ့် နောက်ပိုင်းမှာ ကျိလျောင်အပေါ်ကို ပိုပြီးအာရုံစိုက်ထားဖို့ တွေးနေတော့တယ်။ ကျိလျောင်ကို လမ်းမှားကို လျောက်ဖို့ သူမ ခွင့်ပြုတော့မှာမဟုတ်ဘူး။

မုန့်ယောင်ယောင်က နေ့လည်စာ စားတဲ့ချိန်ထိ နေပေးခဲ့တယ်။သူမက စားသမျှ ဟင်းတစ်လုတ်စီတိုင်းကို ချီးကျူးမြှောက်ပင့်ပေးနေတော့ ရွှီအိုက်ဝမ်က စိတ်ပြန်ကြည်လာတယ်။ စားလို့သောက်လို့ပြီးသွားတော့ ကျိလျောင်က မုန့်ယောင်ယောင်ကို အောက်ထပ်ကို လိုက်ပို့ပေးရင်းနဲ့ ကျေးဇူးတင်စကားကို ခပ်တိုးတိုး ဆိုတော့ သူမက ရယ်တယ်။

"ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူးဟာ။အန်တီ လက်ထပ်ပြီးရင်နင်က ငါ့မောင်လေး ဖြစ်လာတော့မှာပဲလေ"

သူမသိသလောက်တော့ ကျိလျောင်က သြဂုတ်လမှာ မွေးတာမလို့ သူမထပ် လေးလတောင်ငယ်တယ်လေ။ ဒီတော့ သူမက အစ်မကြီး ဖြစ်ပြီးတော့ ကျိလျောင်ကတော့ မောင်လေး ဖြစ်သွားတာပေါ့။ အဲလိုဆိုရင်.....ဟယ်ချန်းမင်က သူမရဲ့ မတ်လေး ဖြစ်လာတော့မှာ မဟုတ်ဘူးလား။

မုန့်ယောင်ယောင် ခေါင်းထဲမှာ အတွေးတစ်ခုက ရုတ်ချည်း ပေါ်လာလေရဲ့။

Male god ကြီးက တကယ်ပဲ မတ်လေး ဖြစ်လာတော့မယ်တဲ့တော့!

သူမက အသံထွက်အောင် ရယ်မိသွားတော့ ကျိလျောင်က နားမလည်သလို ကြည့်နေတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now