Side Story 26 (Gu❤️Lin)

6K 995 22
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch116 - Side Story 26 – First Day of Living Together During the Winter Vacation (Gu Ming Ren x Lin Jiang)

နှစ်ဆုံးစာမေးပွဲ နီးလာတဲ့အခါ.....

ဟောင့်မုန်က စာမေးပွဲပြီးရင် ပိတ်ရက်ကိုထျန်ကျင်းကိုပြန်ဖို့ပြင်ထားတယ်။ဒါပေမဲ့လည်း လင်းချယ်က ဆူအောင့်နေဆဲဖြစ်ပြီး သူ့ကို သိပ်ပြီးအရေးမလုပ်တော့ဘူး။ အဲ့ဒါက ဟောင့်မုန်ရဲ့ခံစားချက်တွေကို မတည်မငြိမ်ဖြစ်လာစေပြီးတော့ သူဟာ အဆောင်မှာ တစ်နေကုန်တစ်နေခမ်း သီချင်းတွေချည်း ဆိုနေတော့တယ်။

ကုမင်းရန်ဟာလည်း ဒီအချိန်အတော်တွင်းမှာ အလွန်တစ်ရာအလုပ်ရှုပ်နေတယ်။ သူ့မှာ တက်စရာအတန်းတွေအများကြီးရှိနေပြီးတော့ အိမ်စာတွေအပြီးသတ်ဖို့ကို အလုပ်များနေလေတယ်။ လင်းကျန်က သူ့ကိုနှောင့်ယှက်မိမှာစိုးရိမ်တာကြောင့် အဆောင်မှာပဲ နေကာ ဟောင့်မုန် သီချင်းဆိုတာကိုနားထောင်ရင်း ဂိမ်းတွေပဲ ဆော့နေရတယ်။

"လင်းကျန် ငါ့ရဲ့ကောင်းကွက်နည်းနည်းပါးပါးကို မင်းရဲ့ထန်တိကို ပြောပေးလို့မရဘူးလား"

ဟောင့်မုန် အတော်စိတ်ညစ်နေမိတယ်။ သူဟာ သူ့အမှားကို တစ်ဖက်လူအပေါ် အကြိမ်တစ်ရာလောက် ဝန်ခံပြီးပေမယ့် လင်းချယ်ကတော့ သူ့ကို အလွန်အေးစက်တဲ့ တုံ့ပြန်မှုတစ်ခုကိုပဲ ပေးနေတုန်း။

မျက်လုံးတွေက ဂိမ်းရဲ့ဧရိယာမျက်နှာပြင်ကိုပဲ မြဲမြဲမြံမြံစိုက်ကြည့်နေရင်း လင်းကျန် အဖြေပေးလိုက်တယ်။

"မင်းမှ အမှားမလုပ်ထားတာ။ ငါက ဘာလို့ မင်းကောင်းကွက်တွေကို ပြောစရာလိုတုန်း"

"ဒါပေမဲ့ သူအခု ငါ့ကိုလျစ်လျူရှုထားတယ်"

ဟောင့်မုန်အသံက စိတ်ပျက်လက်လျော့သံပေါက်နေလေတယ်။

"ဆောင်းရာသီပိတ်ရက်က တစ်လလုံးကွ။ သူသာလျစ်လျူရှုထားရင် ငါသူ့ကိုလွမ်းလို့သေလိမ့်မယ်"

ချွဲချွဲအီအီထွက်ဆိုချက်ကြောင့် လင်းကျန် တုန်ယင်သွားရတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now