Ch66 - Seemed Like School Bully He Was Being Disciplined?

6.7K 1.1K 145
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch66 - Seemed Like School Bully He Was Being Disciplined?

ဟယ်ချန်းမင်က သူ့နှာခေါင်းကိုပွတ်ရင်း ချက်ချင်းပဲ နောင်တရမိသွားတယ်။

ဒါဆို ဒီကိစ္စမဟုတ်ဘူးပဲ။

ကျိလျောင်ကိုကြည့်ပြီးတော့ သူအိမ်ကဆင်းလာတဲ့အကြောင်း ဘယ်လိုရှင်းပြရမလဲဆိုတာ မသိလေတော့ဘူး။

ဘာကြောင့်လဲဆိုတော့ ဟယ်မိသားစုက အပြင်ကသာ တောက်ပသေသပ်လင်းလက်နေတာဒါပေမဲ့ တကယ်တမ်းအထဲမှာကျ ပုပ်သိုးနေတာမလား။အတိတ်တုန်းကခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ နာကျင်ပင်ပန်းမှုတွေကနေ လွတ်မြောက်လာခဲ့ပြီမို့ သူထပ်ပြီးတော့လည်း မပြောချင်တော့ဘူး။ ပြောပြလို့လည်း အဓိပ္ပါယ်ရှိတာတွေမဟုတ်ဘူး။တစ်ဖက်ကောင်လေးရဲ့ စိတ်နှလုံးကို နာကျင်ခံစားရစေရုံပဲရှိမှာ။

ဟယ်ချန်းမင်က ကျိလျောင်အနားကနေ အနည်းငယ်ခွာလိုက်ရင်း စကားလမ်းကြောင်းပြောင်းဖို့ တိတ်တဆိတ်ကြိုးစားလိုက်တယ်။

"အင်းလေ ကိုယ်ဆင်းလာတာကြာပေါ့....မင်းလည်းအဲဒီကို ရောက်ဖူးတာပဲမလား"

အဲ့ဒီစကားကိုကြားတော့ ကျိလျောင်က မျက်မှောင်ကြုံ့သွားရင်း သူ့ကိုတွန်းလွှတ်လိုက်တယ်။

"အဲ့ကိစ္စက တူမလား!"

သူ့ကိုထပ်ပြီးအရူးလုပ်ဖို့ကြိုးစားပြန်ပြီ။ သူက တကယ်ပဲ အဲ့လောက် တုံးအနေလို့လား။

ဒေါသကြောင့် ကျိလျောင်အသံက မသိလိုက်စွာပဲ မြှင့်တက်သွားတယ်။

အခန်းဆယ်နှစ်က ကျောင်းသူ/သားတွေက အလွန်တရာကို အတင်းအဖျင်းစကားတွေကိုကြိုက်တတ်သူတွေဖြစ်တာကြောင့် သူတို့က ပြတင်းပေါက်နားကိုတိုးဝှေ့ပြေးလွှားပြီး အသံတိုးတိုးလေးကိုတောင်ကြားရဖို့အတွက် နားတွေကိုအစွမ်းကုန်စွင့်ထားကြလေတယ်။

ကြည့်ရတာ ကျောင်းဘူလီကြီးဟယ်က အပြစ်ပေးခံနေရတာလား။

ဖာ့ခ်!ဒီသတင်းက ရှော့ခ်အကြီးကြီးပဲ။ တစ်ယောက်ကနေတစ်ယောက်ဆီ သတင်းက ပျံ့သွားလိုက်တာ တစ်ကျောင်းလုံးတောင် သိသွားကြတော့မယ့်အတိုင်းပဲ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now