Ch48 - He Made It Through All of That

8.1K 1.3K 42
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch48 - He Made It Through All of That

သော့ကိုတစ်ချက်လှည့်ဖွင့်ကာ ကျိလျောင်က အိမ်ထဲကို လှမ်းဝင်ရင်း မီးတွေလိုက်ဖွင့်လို့ အခန်းတစ်ခုလုံးကို လင်းထိန်သွားစေလိုက်တယ်။

ဟယ်ချန်းမင်ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းထားလိုက်ရင်း ကျိလျောင်က သူ့ရဲ့လက်တွေ နွေးသွားစေဖို့ ရေနွေးပူပူတစ်ခွက် ငဲ့ပေးလိုက်တယ်။

"ခဏစောင့်ဦးနော်"

သူက သူ့အခန်းဆီ အပြေးသွားရင်း သူပြင်ဆင်ထားတဲ့ လက်ဆောင်ထုတ်ကို ယူလာခဲ့တယ်။ အဲ့ဒီလက်ဆောင်ထုတ်က အတော်လေးကြီးမားတဲ့ဘူးတစ်ဘူးပဲ ဖြစ်လေတယ်။

"မင်းအတွက်"

ကျိလျောင်က နည်းနည်းလောက်ရှက်သလိုခံစားရတာမို့ ခေါင်းကို အနည်းငယ်ငုံ့ချလိုက်လေတယ်။

ဟယ်ချန်းမင်က ဖွင့်ကြည့်လိုက်တော့ နက်ပြာရောင် ခေါင်းစွပ်ဦးထုပ်ရယ်၊ အပြာနဲ့အဖြူ အစင်းကျားလေးပါတဲ့ လည်စီးရယ်၊ ခြေအိတ် လက်အိတ် ဆင်တူလေးတွေရယ်ကို နူးညံ့တဲ့ ပစ္စည်းတွေနဲ့ ခုခံထုပ်ပိုး ထားတာကိုမြင်လိုက်ရလေတယ်။

သူအအေးကြောက်မှန်းသိလို့ ကျိလျောင်က ၄ခု အဆက်လိုက်ကို ဝယ်ပေးတာတဲ့လား။

ဟယ်ချန်းမင်က ဆွံ့အသွားတယ်။ ကျိလျောင်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလေ၊ သူ့နှလုံးသားထဲက နစ်မြုပ်နေတဲ့ အပြစ်ရှိစိတ်တွေက နက်ရှိုင်းလာလေပါပဲ။

"မင်း မကြိုက်ဘူးလား"

သူတိတ်ဆိတ်သွားတာကိုမြင်တော့ ကျိလျောင်က နည်းနည်းလောက် စိတ်အားငယ်သွားတယ်။

ဟယ်ချန်းမင်က မတ်တပ်ရပ်လို့ သူ့ကိုပွေ့ဖက်လိုက်တယ်။ သူ့အသံတွေက အနည်းငယ် တုန်ယင်နေလေရဲ့။

"မဟုတ်တာ။ ကိုယ်က အရမ်းစိတ်လှုပ်ရှားသွားလို့ပါ"

ပြီးမှ သူက တိုးတိုးလေး ဆက်ပြောတယ်။

"မင်းအတွက် လက်ဆောင်ကိုကျ ကိုယ်က မပြင်ခဲ့ရဘူးလေ"

ကျိလျောင်က သူ့ခါးကို ပြန်သိုင်းဖက်ရင်း အပြုံးလေးနဲ့စကားဆိုတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now