Zawgyi
What Should I Do if the School Bully is Interested in Me
Ch52 - Do You Know What You’re Doing?
တစ်နေ့တာရဲ့အတန်းချိန်တွေပြီးဆုံးသွားတဲ့အခါ ကျိလျောင်က ကျောင်းလွယ်အိတ်ကို ထုတ်ပိုးလို့ပြန်ဖို့ပြင်နေချိန်မှာပဲ ချန်းလီဝမ်နဲ့ လီယုံရှင်းက ရုတ်တရပ်ပြေးချလာပြီးတော့ ဘက်စကတ်ဘော ဘောလုံးကို သူ့စားပွဲပေါ်တင်လိုက်ရင်း နှစ်ချီသုံးချီလောက်ဆော့ချင်လားလို့မေးလာတယ်။
မနှစ်က ဘက်စကတ်ဘောပွဲပြီးသွားကတည်းက သူတို့သုံးယောက်သားက အတော်လေးကို ခင်မင်ရင်းနှီးနေကြပြီဖြစ်တယ်။စာအုပ်တွေထည့်နေတဲ့ ကျိလျောင်ရဲ့လက်တို့က တုံ့ဆိုင်းသွားတယ်။ အရင်တုန်းကဆိုရင်တော့ သူက ယွီကျင်းနဲ့အမြဲကစားနေကျ။ ဒါပေမဲ့ သူကအခု ပန်းချီသင်နေရတာဆိုတော့ အတန်းလာတက်စရာမလိုတော့ဘူး။အဲ့ဒါအပြင် သူက ဒီနေ့ စိတ်ညစ်နေတာဆိုတော့ ဖိအားတွေလျော့ကျသွားအောင် တစ်ပွဲနှစ်ပွဲလောက် ကစားလိုက်တာကောင်းမယ်လို့တွေးမိသွားတယ်။
"အိုကေလေ"
သူကစိတ်အားထက်သန်စွာ အဖြေပေးလိုက်တယ်။
သူတို့က အပြင်ဘက်ကဘက်စကတ်ဘောကွင်းဆီ စိတ်တွေတက်ကြွစွာနဲ့ လျှောက်လှမ်းလာကြတယ်။ အဲ့ဒီမှာ နေရာက ခုနှစ်နေရာ ရှစ်နေရာလောက် ရှိပြီးတော့ သူတို့က နေရာလွတ်တစ်နေရာတွေ့တာနဲ့ စ ကစားလိုက်ကြတယ်။
ကျိလျောင်ရဲ့မှုန်မှိုင်းနေတဲ့စိတ်ကြောင့် သူ့ရဲ့ပစ်ချက်တွေနဲ့ ဘောလုံးပုတ်ချက်တွေက အနည်းငယ် ခက်ခဲလို့နေတယ်။ အဲဒါကြောင့် လီယုံရှင်းနဲ့ ချန်းလီဝမ်က မမျှော်လင့်ပါပဲ ဘောလုံးကို ဖမ်းမိနေတယ်။
ထိုအချိန် ကွင်းဘေးကို ကုမင်းရန်နဲ့ လင်းကျန်က ဖြတ်သွားကြလေတယ်။ လင်းကျန်က ထိုနေရာကိုကြည့် ကြည့်လိုက်တော့ အဲဒါ ကျိလျောင်မှန်း သတိထားမိသွားတယ်။ သူက ချက်ချင်းပဲ အရှေ့မှာ မရီးရဲ့အရိပ်အယောင်ကို တွေ့လိုက်ကြောင်း မင်ကောကို သတင်းပို့လိုက်တယ်။
ဟယ်ချန်းမင်ရဲ့အကြည့်တွေက ဘက်စကတ်ဘော ကစားနေတဲ့ ကျိလျောင်ကို မြင်ရဖို့ ချက်ချင်းကို အကြည့်တွေ ရွှေ့လျားသွားတယ်။ကျိလျောင်က ကျွမ်းကျွမ်းကျင်ကျင် လှည့်ပတ်လိုက်ပြီးတော့ ဘောလုံးကို မြန်မြန်ခုန်သွင်းလို့ အမှတ်တွေယူလိုက်တယ်။ ဟယ်ချန်းမင်ရဲ့ မျက်ခုံးတွေက ပင့်တက်သွားတယ်။ သူက ဘက်စကတ်ဘော ကစားဖို့ လုံးဝ စိတ်မဝင်စားပေမယ့်လည်း ကျိလျောင်အမှတ်ယူသွားတာကိုကြည့်ပြီး ကစားဖို့ရာ စိတ်တွေလှုပ်ရှားလာတယ်။ အဲ့ဒါကြောင့်သူက လင်းကျန်ကို ထိုနေရာဆီ ဆွဲခေါ်လာလိုက်တယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။