Zawgyi
What Should I Do if the School Bully is Interested in Me
Ch80 - Didn’t Expect You to be This Kind of School Bully!
သတိပေးချက် : ဤအပိုင်းအား Single dogsများ ဖတ်ရှုရန် မသင့်တော်ပါ XD
------------
ကျိလျောင်က ပန်းကန်တွေဆေးပြီးလို့ အပြင်ထွက်လာချိန်မှာပဲ ဟယ်ချန်းမင်တစ်ယောက် ဆိုဖာပေါ်မှာ မလှုပ်မယှက်ထိုင်ရင်း စာအုပ်တစ်အုပ်ဖတ်နေတာကို တွေ့မြင်လိုက်ရလေတယ်။
သူသိလာရတာက ကောင်ငယ်လေးက တကယ်ပဲ စာအုပ်တွေဖတ်ရတာ အတော်သဘောကျတယ်ဆိုတာပဲ။ ငွေကြေးဆိုင်ရာ အထွေထွေ သီအိုရီတွေ မဟာဗျူဟာတွေ ဆိုတဲ့အရာတွေက လူအများစုအတွက် နားလည်သဘောပေါက်ဖို့ ခက်ခဲလှပေမယ့် သူကတော့ အတော် စိတ်ဝင်တစားနဲ့ကို ဖတ်ရှုနေတယ်။
"ဘေဘီ"
ဟယ်ချန်းမင်က သူ့ကို အံ့အားတသင့်နဲ့ ခေါ်လိုက်ပြီးတော့ အချိန်ဖြုန်းဖို့လုပ်ထားတဲ့ သူ့လက်ထဲကအရာကို ချက်ချင်းပဲ ဘေးကိုပစ်ချလိုက်တယ်။Sexက ပိုအရေးကြီးတယ်။ စာဖတ်တာလား သွားစမ်းပါ။
ကျိလျောင်က စောနက သူ့ရဲ့ဆန်းစစ်အကဲဖြတ်ချက်လေးကို တိတ်တိတ်လေး ပြန်ရုတ်သိမ်းလိုက်ရင်း သူ့အနားကိုလျှောက်လာလို့မေးလိုက်တယ်။
"ဆရာဝန်က မင်းကို ဆေးသောက်ဖို့ညွှန်ကြားထားသေးလား"
အဲ့ဒီဆေးတွေက အယောင်အရမ်းကျစေတဲ့ ဆေးတွေနဲ့ဗီတာမင် ဆိုတာတွေထက်မပိုလေဘူး။ဟယ်ချန်းမင်ကတော့ သူအဲ့ဒါတွေ သောက်သောက် မသောက်သောက် မထူးဘူးလို့ တွေးမိတာကြောင့် အိမ်ပြန်ရောက်ချိန်မှာပဲ တစ်နေရာရာမှာ ပစ်တင်ထားခဲ့တာ ဖြစ်တယ်။
သူဘယ်မှာထားမိပါလိမ့်။ခဏလောက်တွေးကြည့်ပြီးမှ သူက ဖိနပ်ဘီဒိုရှိရာဆီ လက်ညိုးထိုးပြလိုက်တယ်။
"ဟုတ်သား...ကိုယ် ဟိုနားမှာ ဆေးတွေ ထားခဲ့တယ်"
ကျိလျောင် : "မင်းက ဆေးကို ဖိနပ်ဘီဒိုထဲမှာ ထားတယ်ပေါ့လေ!"
သူက ဖိနပ်ဘီဒိုကို လှည့်ကြည့်လိုက်ရင်း ဆေးတွေကို ရှာလိုက်တယ်။သေချာတာပေါ့။ သူ ဆေးတစ်ချို့ထည့်ထားတဲ့ အဖြူရောင်အိတ်လေးတစ်ထုတ်ကို တွေ့လိုက်ရတယ်လေ။
BẠN ĐANG ĐỌC
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Lãng mạnမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။