Ch18 - သူ့အား စည်းကမ်းသတ်မှတ်ခြင်း

12.5K 1.9K 5
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



ကျိလျောင် အိမ်ပြန်ရောက်တော့ ရွှီအိုက်ဝမ်က ထမင်းစားပွဲဝိုင်းမှာ ထိုင်ရင်း ညစာ စားနေတယ်။ ကြည့်ရတာ သူမလည်း ပြန်ရောက်တာ မကြာလောက်သေးဘူး။

"အမေ အိုဗာတိုင် ထပ်ဆင်းရပြန်ပြီလား"

ကျိလျောင်က စိတ်မသက်မသာနဲ့ မေးလိုက်တယ်။

သူ့အဖေ မဆုံးပါးခင်ကတော့ သူ့အမေက သူတို့သားအဖ နှစ်ယောက်ကို စောင့်ရှောက်ပေးဖို့နဲ့ တစ်အိမ်လုံးရဲ့ အိမ်မှုကိစ္စတွေကိုလုပ်ဖို့  တာဝန်ယူရတဲ့ အိမ်ရှင်မတစ်ယောက်သာ ဖြစ်လေတယ်။

အဲ့အချိန်တွေတုန်းက ရွှီအိုက်ဝမ် တကယ်ပဲ ပျော်ရွှင်ရောင့်ရဲခဲ့တယ်။ သူမမှာ သူမကိုချစ်တဲ့ ယောကျာ်းလည်း ရှိသလို ချစ်ဖို့ကောင်းတဲ့ သားတစ်ယောက်နဲ့ ချမ်းမြေ့ တည်ငြိမ်နေတဲ့ ဘဝလည်း ရှိတယ်။နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတာမလို့ သူမရဲ့ သွင်ပြင်က အတော်လေးကို ငယ်ရွယ်ပြီး လှပလေတယ်။

ကျိလျောင်က အဲ့နေရာကို လျောက်သွားကာ ရွှီအိုက်ဝမ်ဘေးမှာ ထိုင်လိုက်တယ်။ သူမကြည့်ရတာ အိုဗာတိုင်တွေကြောင့် ပင်ပန်းနွမ်းနယ်နေပုံပဲ။ သူ့အဖေ ဆုံးပါးပြီးနောက်ပိုင်း ၃နှစ်အတောတွင်းမှာ မိသားစုကို ထောက်ပံ့နိုင်ဖို့ ဒီ ဥာဏ်ထက်ပြီး လှပတဲ့ အမျိုးသမီးကြီးက ကြိုးစားအားထုတ်ခဲ့ရတယ်ဆိုတာ သူသိပြီးဖြစ်တယ်။
 
"အင်း ဟုတ်တယ်။ သား စားပြီးပြီလား
ထမင်းနည်းနည်း ရှိသေးတယ်။"

ရွှီအိုက်ဝမ်က  ကျိလျောင်အတွက် ပန်းကန်ယူပေးဖို့ မတ်တပ်ထဟန် ပြင်တော့ သူက အမြန်ပဲ ပြန်ထိုင်ခိုင်းလိုက်ရတယ်။

"ကျွန်တော် စားပြီးပြီ"

သူက အခိုင်အမာ ပြောလိုက်ရတယ်။

နောက်တော့ ရွှီအိုက်ဝမ်က သူ့ရဲ့ လတ်တလော စာလေ့လာမှုတွေအကြောင်းကို စိတ်ဝင်တစားနဲ့ မေးလေတယ်။ ကျိလျောင်လည်း သူမရဲ့ မေးခွန်းတွေကို တစ်ခွန်းစီ ပြန်ဖြေပေးလိုက်တယ်။ ရွှီအိုက်ဝမ်က ကျေနပ်သွားဟန်နဲ့ ကျိလျောင်ခေါင်းကို ထိလိုက်တယ်။ သူမ အိမ်ပြန်လာတဲ့ နေ့တိုင်း ကျိလျောင် စာကောင်းကောင်းလုပ်နေသမျှ သူမအလုပ်ကြောင့်  ခြေကုန်လက်ပန်းကျ ပင်ပန်းရတာတွေကို သူမ မှုမှာ မဟုတ်ဘူး။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now