Ch65 - Did You Guys Quarrel?

6.7K 1.2K 118
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch65 - Did You Guys Quarrel?

ဟယ်မုရှန်က စကားတစ်ခွန်းပဲ တုံ့ပြန်လိုက်တယ်။

"ကောင်းပါပြီ"

အဲ့ဒီနောက်သူက ဖုန်းချလိုက်ရင်း စားပွဲပေါ်ပစ်တင်လိုက်တယ်။

သူ့အနေနဲ့ မုန့်ယွမ် ငြင်းပယ်နေမှာကို စိုးရိမ်မနေလေဘူး။ တကယ်တော့ ကုမ္ပဏီတွေထဲမှာ ဟယ်Groupက အကောင်းဆုံးပဲလေ။ သူတို့နဲ့ အဆက်အသွယ်ရချင်တဲ့လူတွေမှ မရေတွက်နိုင်အောင်ပဲ။ဒါပေမဲ့လည်း ဘယ်သူမှ ဒီလိုအခွင့်အရေး ရခဲ့ကြတာမဟုတ်ဘူး။ဒီတော့ ရည်မှန်းချက်နည်းနည်းလေးပဲ ရှိတဲ့ယောကျာ်းဆိုရင်တောင် ဒီအခွင့်အရေးကိုလက်လွှတ်ခံမှာ မဟုတ်ဘူး။

ဟယ်ချန်းမင်က စိတ်သက်သာရာ ရစွာနဲ့ သက်ပြင်းချလိုက်တယ်။ သူ့အနေနဲ့ မုန့်ယွမ်နဲ့ ရွှီအိုက်ဝမ်ရဲ့ ကိစ္စကို ရှင်းပေးမှဖြစ်မယ်။ မဟုတ်ရင် ကျိလျောင်ကို ရှင်းပြဖို့ မဖြစ်နိုင်တော့ဘူးလေ။

"ကျေးဇူးပါကော"

သူက ဟယ်မုရှန်ကိုပြောလိုက်တယ်။

ဟယ်မိသားစုက တကယ်ပဲ ထူးဆန်းလှတယ်။ သူနဲ့သွေးသားရင်းဆက်နွယ်နေတဲ့ လူနှစ်ယောက်က သူ့ကို ဒုက္ခပေးနေကြတဲ့အချိန်မှာ သူ့ရှေ့က သူနဲ့သွေးတစ်ဝက်ပဲစပ်တဲ့ လူကတော့ သူ့ဘေးနားမှာ စစ်မှန်စွာနဲ့ ရပ်တည်ပေးလို့နေတယ်။

"ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး။ ငါတို့သဘောတူညီချက်ကိုသာ မမေ့နဲ့"

ဟယ်မုရှန်အသံက ခပ်ပေါ့ပေါ့ပဲ။

လွန်ခဲ့တဲ့တစ်နာရီလောက်တုန်းက ဒီကောင်လေးက သူ့ကို ထမင်းအတူစားဖို့ ဖိတ်ခေါ်ခဲ့တာ။သူရောက်လာတော့ ထိုင်ခုံမှာဖင်ပူအောင်တောင် မထိုင်ရသေးဘူး။မုန့်ယွမ် ကိစ္စကို သဘောတူပေးဖို့ တောင်းဆိုတော့တာပဲ။သူတို့နှစ်ယောက်ကြားမှာထား ထားတဲ့ သဘောတူညီချက်သာမရှိရင် ဒီကိစ္စမျိုးအတွက် အချိန်ပေးမှာတောင်မဟုတ်ဘူး။ပြီးတောာလည်း သူက ပရဟိတသမား မဟုတ်ဘူး။ သူ့အတွက် အကျိုးရှိမယ့်ကိစ္စကိုပဲ လုပ်တတ်တဲ့ စီးပွားရေးသမားတစ်ယောက်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now