Zawgyi
What Should I Do if the School Bully is Interested in Me
Ch30.2 - အဲဒီမတော်တဆမှုကသူ့ကြောင့်
ဆောင်းရာသီရဲ့ နေ့တာတွေက တိုလွန်းတယ်။ ၅နာရီကျော်တာနဲ့ ကောင်းကင်ကြီးက မှောင်လာတော့တာပဲ။
သူတို့နှစ်ယောက်သားက သူတို့ရဲ့ ခံစားချက်တွေကနေ သက်သာရာ ရသွားကြတော့ တောင်အောက်ကို ဆင်းလာခဲ့ကြတယ်။ ဒါပေမဲ့လည်း ကားဂိတ်က နောက်ဆုံးကားက ထွက်သွားပြီလို့ ပြောလိုက်တယ်။
ဒီဧရိယာက ဝေးလံခေါင်သီတော့ တက္ကစီငှားဖို့လည်း အရမ်းကို ခက်တယ်။ ကျိလျောင်က တိတ်ဆိတ်သွားတယ်။ဒါဆို......သူတို့နှစ်ယောက်က တစ်ညတာကို တူတူကုန်ဆုံးရတော့မှာလား။
တကယ်တော့ တောင်ပေါ်ကအိမ်က ဟယ်ချန်းမင်ရဲ့ အိမ်ပဲ။ ဒါပေမဲ့လည်း သူက ကျိလျောင်ကို အဲ့နေရာကြီးကို ခေါ်မသွားချင်တာကြောင့် အနီးနားက ဈေးသက်သာတဲ့ဟော်တယ်လေးကိုပဲ ခေါ်သွားလိုက်တယ်။
ဟော်တယ်ပိုင်ရှင်လေဒီကြီးက သူတို့ကို တစ်ချက်ကြည့်ပြီးတော့ မောက်စ်ကို ကလစ်ခ်တစ်ချက်နှိပ်တယ်။ ပြီးတော့ ပုံမှန်လေသံနဲ့ပြောလိုက်တယ်။
"အဆင့်မြင့်အခန်း 180"
ကျိလျောင်က ရွှီအိုက်ဝမ်ကို ဖုန်းခေါ်နေတုန်း ဟယ်ချန်းမင်က အခန်းခကို ရှင်းထားလိုက်တယ်။ကျိလျောင်က ချင်းကျစ်တောင်ကိုသွားတယ်ဆိုတာ မပြောရဲတော့ ယွီကျင်းတို့အိမ်မှာ ရှိနေတာမလို့ စိတ်မပူဖို့ပဲ ပြောလိုက်တယ်။
ဟယ်ချန်းမင်က ယွီကျင်းဆိုတဲ့ နာမည်ကိုကြားတော့ မျက်ခုံးပင့်သွားပြီးတော့ အဲ့နာမည်ကို ချရေးထားလိုက်တယ်။ ရွှီအိုက်ဝမ်ကိုတောင် စိတ်အေးအောင် လုပ်နိုင်တဲ့လူက ကျိလျောင်နဲ့ ထူးခြားတဲ့ဆက်ဆံရေး ရှိနေမှာပဲလေ။
သူတို့က အခန်းသော့ကဒ်ပြားတွေကိုယူပြီး သူတို့အခန်းဆီ သွားလိုက်ကြတယ်။
ခုတင်နှစ်လုံး ရှိတယ် ဆိုပေမဲ့လည်း သူတို့တွေက တစ်ခန်းတည်းမှာတော့ အတူနေနေရတုန်းပဲလေ။ ကျိလျောင်က နည်းနည်းလောက် မသက်မသာ ဖြစ်လာပြီးတော့ တောင့်တောင့်ကြီး ထိုင်နေလိုက်တယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။