Ch6 - ကိုယ့်ရှေ့မှာ အဲ့အမူအယာမျိုး မပြမိစေနဲ့

14K 2.2K 20
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



မပြမိစေနဲ့


ဒရိုက်ဘာက ကားဘရိတ်ကို အကြမ်းပတမ်း ဆောင့်အုပ်လိုက်တော့ ကားပေါ်က ခရီးသည်တွေ ခမျာ ရှေ့နောက် ယိမ်းထိုးရင်း အလဲလဲအပြိုပြို ဖြစ်ကုန်တယ်။ ကျိလျောင်လည်း ကားလက်ကိုင်ကွင်းကို အချိန်မှီ မကိုင်လိုက်မိတော့ ဟယ်ချန်းမင်ရဲ့ လက်မောင်းကြားထဲ လဲပြိုကျသွားတယ်။

သူက သူ့ခေါင်းပေါ်က မသဲမကွဲ ညည်းသံတစ်ခုကို ကြားလိုက်ရတယ်။ ကားရပ်သွားတော့ သူ့ကိုယ်သူ အမြန်ပြန်ထိန်းလိုက်တယ်။ တကယ်တော့ ဒါက အရွယ်ရောက်ပြီးသား ကျောင်းသားတစ်ယောက်ရဲ့ အလေးချိန်ဖြစ်နေတော့ ဟယ်ချန်းမင် တစ်ယောက် ဒဏ်ရာ ရမရ ဆိုတာ သူသေချာမသိလေဘူး။

ကျိလျောင်က သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်ရုံပဲ ရှိသေးတယ်။ကားပေါ်မှာ မကျေနပ်သံတွေနဲ့ ဆူညံပွက်လောရိုက်သွားတယ်။သူ ဟယ်ချန်းမင်ကို လှည့်ကြည့်လိုက်တော့ ထိုသူက သူ့နားတစ်ဖက်က နားကြပ်ကိုချွတ်ပြီး သူ့(ကျိလျောင်)နားထဲကို ထည့်ပေးလိုက်တာကို မြင်လိုက်ရတယ်။

ရုတ်တရပ် ညည်းညူပြောသံတွေ ပျောက်သွားပြီးတော့ ငြိမ့်ညောင်းတဲ့ ဂီတသံက အစားထိုး ဝင်ရောက်လာတယ်။

ကျိလျောင်ရဲ့နှလုံးသားကလည်း စည်းချက်နဲ့အညီ ခုန်ပေါက်နေတော့တယ်။

ကားဂိတ်ကိုရောက်တော့ သူတို့နှစ်ယောက်လုံး ဆင်းလိုက်ကြတယ်။ ကျိလျောင်က သူ ဟယ်ချန်းမင်ကို ဆောင့်မိတဲ့အစောပိုင်းတုန်းကအချိန်ကို တွေးနေမိပြီးတော့ သူမေးလိုက်တော့တယ်။

"မင်း ဒဏ်ရာ ရသွားသေးလား"

ဟယ်ချန်းမင်က လက်နှစ်ဖက်ကို အိပ်ကပ်ထဲ ထည့်ရင်းက မျက်မှောင်ကြုံ့လိုက်ရင်း မေးတယ်။

"ကိုယ် ဒဏ်ရာ ရတယ် ဆိုရင်ကော"

ကျိလျောင်က ဖြေရခက်သွားပုံနဲ့ တစ်ခဏလောက် ဘာမျှကို မပြောလေတော့ဘူး။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Kde žijí příběhy. Začni objevovat