Ch60 - It's Called Fun, Baby

7.3K 1.1K 17
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch60 - It’s Called Fun, Baby

//Note  : Warningအနည်းငယ်ပါရှိ။ ကိုယ်က ခုမှ ratedရေးဖူးတာမို့ တစ်ခြားဘာသာပြန်သူတွေလို စကားလုံးလှအောင်မရေးနိုင်သေးဘူး။ အဲဒါကြောင့် ရိုင်းသွားတာ၊ တဲ့တိုးဆန်သွားတာရှိရင် သည်းခံပေးကြ//

ဟယ်ချန်းမင်က တောက်တစ်ချက်ခေါက်မိသွားတယ်။ ကုမင်းရန်က အချစ်ကြီးတဲ့လူမှန်း သူမထင်ထားခဲ့မိဘူး။ သူ့ရဲ့လင်းကျန်အပေါ် လိုက်လျောပေးတတ်မှုတွေက ဟယ်ချန်းမင်အတွက်တော့ အမြင်ကျယ်သွားစေတဲ့အတွေ့အကြုံလိုပဲ။

မျှမျှတတတွေးကြည့်ရမယ်ဆိုရင်ဖြင့် တကယ်လို့များ ကျိလျောင်က ဒီနေ့သူ မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ ဒိတ်လုပ်နေမယ်ဆိုရင် သူ့ဘက်က ကြားဝင်မနှောင့်ယှက်တာမျိုးက ကြီးမားတဲ့ကြင်နာမှု ဖြစ်နေမှာလား။ ဒါပေမဲ့ ကျိလျောင်ဘက်က သူ့ကိုအမြဲတမ်းအကူညီတောင်းနေခဲ့မယ်ဆိုရင်ရော?? အဲဒါမျိုးကျ အဓိပ္ပါယ်မရှိတော့ဘူးလေ။

ဒါပေမဲ့လည်း ဒီကိစ္စမျိုးက သူဝင်ပါလို့ရတဲ့အရာမဟုတ်ပေဘူး။ သူက ကုမင်းရန်ပခုံးကို စိတ်မကောင်းစွာပဲ ပုတ်ပေးလိုက်ပြီးတော့ ကျိလျောင်ကိုခေါ်လို့ candlelight ညစာစားပွဲအတွက် ထွက်လာခဲ့တော့တယ်။

သူတို့တွဲခဲ့ကြတာ ၆လနီးပါးရှိပြီ။ ဒါပေမဲ့ ခုလို ခမ်းနားကြီးကျယ်တဲ့ dinner dateကိုလုပ်တာတော့ ပထမဆုံးပါပဲ။

သဘောင်္ပေါ်မှာဆိုရင်ဖြင့် နိုင်ငံအသီးသီးက စားကောင်းသောက်ဖွယ်များစွာ ရှိလေတယ်။ ကျိလျောင်က ပင်လယ်စာနဲ့ ချိုချိုချဉ်ချဉ်အရသာကို သဘောကျတာကို စိတ်ထဲမှာ မှတ်ထားတဲ့ဟယ်ချန်းမင်က သူ့ကို စပိန်အထူးစားသောက်ဆိုင်ကို ခေါ်ဆောင်လာခဲ့တယ်။ သူက နာမည်ကြီးဟင်းလျာအချို့ကို မှာယူလိုက်ပြီးတော့ ဝိုင်ချိုတစ်ပုလင်းလည်း မှာလိုက်သေးတယ်။

ဝိတ်တာကောင်လေးက ဝိုင်ခွက်နှစ်ခွက်ကို လာချပေးပြီးတော့ ပုလင်းရဲ့နှုတ်ခမ်းဝကိုဖွင့်လိုက်တယ်။ ဖန်ခွက်ထဲကို စိမ်းဖန့်ဖန့်အရည်တို့ကိုလောင်းငဲ့ထည့်ပေးလိုက်ချိန်မှာ ဆွဲဆောင်အားကောင်းတဲ့ရနံ့တို့က ထွက်ပေါ်လာတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now