Ch31 - I Accidentally Knocked into Something Myself

11K 1.5K 6
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch31 - I Accidentally Knocked into Something Myself

တနလာင်္နေ့မှာတော့ အတန်းထဲမှာ လာမည့် 3X3 ဘက်စကတ်ဘော ကစားပွဲအကြောင်း ဆွေးနွေးကြရင်း အားတက်သရောဖြစ်နေကြတယ်။
 
မနှစ်ကတော့ အခန်း ဆယ့်နှစ်က စေလွှတ်လိုက်တဲ့ အသင်းမှာ P.Eကိုယ်စားလှယ် လီယုံရှင်းရယ် ဟောင်ဖွာဟောင်ဖွာလုပ်တတ်တဲ့ ချန်းလီဝမ်ရယ် အရပ်ရှည်တဲ့ ယွီကျင်းရယ်၊ အသုံးမကျတဲ့ အရန်လူလေး ကျိလျောင်ရယ် ပါဝင်လေတယ်။

ဒါပေမဲ့ ဒီနှစ်မှာ ယွီကျင်းက ပန်းချီပိုင်းကို လေ့လာဖို့လုပ်နေတာဆိုတော့ သူ့မှာ လေ့ကျင့်ဖို့အချိန်မရှိတော့ဘူး။ ဒီတော့ သူက သူ့နေရာကို ဆန္ဒအလျောက် လက်လျော့လိုက်တယ်။ သေချာ ဝိုင်းစဉ်းစားပြီးတဲ့နောက်မှာတော့ ယွီကျင်းနေရာမှာ ကျိလျောင်ကို အစားထိုးလိုက်တယ်။ ပြီးမှ အရန်လူအတွက် နေရာကိုထပ်ရှာလိုက်ကြတယ်။

ကျိလျောင်က အဲ့သတင်းကိုကြားတော့ အံ့အားသင့်သွားတယ်။ သူက အဲဒါကိုသိပြီးသွားတော့ ယွီကျင်းကို လိုက်ရှာလိုက်တယ်။

"မင်း သွားဖို့ဆုံးဖြတ်ပြီးပြီလား"

သူက မလိုလားတဲ့အရိပ်အယောင်လေးနဲ့ အလောတကြီး မေးလိုက်တယ်။

တကယ်တမ်းကျ အတန်းထဲမှာ ယွီကျင်းက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းကောင်းပဲ။

"အရင်ဆုံး ပေါင်မုန့်သွားဝယ်စားရအောင်။ ငါဗိုက်ဆာလို့သေတော့မယ်"

ယွီကျင်းက ကျိလျောင် လည်ပင်းကို သိုင်းဖက်ကာ လျော့တိလျော့ရဲနှင့် မုန်ဆိုင်ကို ဆွဲခေါ်သွားလိုက်တယ်။

"ငါအရင်က ပြောဖူးတယ်မလား။ ပြီးတော့ ငါ့အမေကလည်း သွားစေချင်တယ်လေ။ ငါ့မှာ ရွေးစရာရှိသေးလို့လား"

သူကပြုံးနေတယ်။ သူ့ပုံက ဖိအားပေးခံထားရတဲ့ပုံလည်း ပေါ်မနေချေဘူး။
 
စကားပြောပြီးတော့ သူက ကျိလျောင်ကို အထာပါပါကြည့်တယ်။

"ဘာလဲ..ငါနဲ့ခွဲရရင် အခက်အခဲရှိမှာစိုးနေတာလား"

သူ့စကားလုံးတွေကတော့ လန့်လောက်စရာ လျို့ဝှက်ချက်ကြီးကြီးကိုရှာတွေ့သွားသလို မျိုး ချဲ့ကားနေလေရဲ့။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now