Ch 22

11.8K 1.8K 19
                                    

Zawgyi

What Should I Do if the School Bully is Interested in Me


Ch22 - သူ့သက်တမ်းတစ်ဝက်လုံး

တူနှစ်ကိုယ် ချစ်ကြည်နူးနိုင်ဖို့ မြုပ်နှံထားရတဲ့

ရင်းနှီးမြုပ်နှံမှု


ကျိလျောင်ရဲ့မျက်နှာက နီရဲနေပြီးတော့ နံရံကို ယိုင်ယိုင်နဲ့နဲ့ နဲ့ မှီထားရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်နေရတယ်။ ၂၄နာရီ အတွင်းမှာပဲ သူက နှစ်ခါတောင်အနမ်းခံလိုက်ရတယ်။ နမ်းတဲ့သူကလည်း ယောကျာ်းလေးတဲ့။ ဒါပေမဲ့လည်း သူက စိတ်မသက်မသာ ဖြစ်စရာ တစ်ကွက်မှ မတွေ့ပဲ တော်တော်လေး ခံစားလို့ကောင်းတယ်လို့တောင် တွေးနေမိတယ်။

သူ....ကွေးများသွားပြီလား။

သူက ဟယ်ချန်းမင်ကို ခေါင်းမော့ကြည့်လိုက်တယ်။ဒီကောင်လေးက သူ့ကို တကယ်ကြိုက်တယ်ဆိုတာ ဟုတ်ပါ့မလား ဆိုတာကလည်း သူ့ရဲ့ အကြီးမားဆုံး ချီတုံချတုံဖြစ်နေမှုကြီးပဲ။သူ့ကို စနောက်နေတာဆိုရင်ရော....။

တကယ်လည်း ဟယ်ချန်းမင်ရဲ့ ဂုဏ်သတင်းကြီးက အရမ်းဆိုးနေတော့ သူ့ကို သံသယဝင်စရာ အကြောင်း ရှိတာပဲလေ။

"ဘာတွေ တွေးနေတာလဲ"

ဟယ်ချန်းမင်က နမ်းပြီးသွားတော့ အရမ်းကို ကျေနပ်နေတာကြောင့် လေထဲ မြောက်နေမတက်ကို စိတ်ခံစားချက်တွေ ကောင်းနေလေတယ်။

ဒါပေမဲ့ ကျိလျောင် အသံလေးကတော့ ဆူအောင့်နေလေရဲ့။

"ဘာမှ မတွေးဘူး"

ကျိလျောင်က သူ့အမှတ်တွေကို စိုးရိမ်နေတုန်းလို့ ထင်လိုက်တာကြောင့် ဟယ်ချန်းမင်က ကျိလျောင်ရဲ့ ခေါင်းကို ဖွလိုက်ရင်း ပြောတယ်။

"ကိုယ် မင်းကို သချာင်္ဂိုက်လုပ်ပေးမယ်လေ။ မင်းမသိတာမှန်သမျှ ကိုယ့်ကိုမေးပေါ့ ဟုတ်ပြီလား"

သူက စာသင်ရတာကို စိတ်ရှုပ်စရာကောင်းတယ်လို့ အမြဲထင်ထားပြီးတော့ သူ့အချိန်တွေ ဖြုန်းပစ်သလိုပဲလို့လဲ တွေးထားခဲ့တာ။ ဒါပေမဲ့လည်း ကျိလျောင် ဆိုရင်တော့ မတူတော့ဘူးလေ။ သူနဲ့အတူကုန်ဆုံးရတဲ့ အချိန်တိုင်းက ရင်းနှီးမြုပ်နှံမှုကြီးပဲ။ ပြောရရင်တော့..သူ့သက်တမ်းတစ်ဝက်ရဲ့ တူနှစ်ကိုယ် ချစ်ကြည်နူးဖို့အရေး မြုပ်နှံထားရတဲ့ ရင်းနှီးမြုပ်နှံမှုကြီးပေါ့။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now