Ch33 - Tell Him You're My Boyfriend

10.1K 1.6K 14
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch33 - Tell Him You’re My Boyfriend

ကျိလျောင်က အမှန်တရားကို တမင်သက်သက်ဖုံးထားချင်တာတော့မဟုတ်ဘူး။ သူက ဒီတိုင်း လူသိများတာ မကောင်းဘူးလို့ ခံစားမိရုံလေးပဲ။ ပြီးတော့ သူတို့အချစ်ရေးက ပုံမှန်မဟုတ်တော့ လူတိုင်းကစိတ်ဝင်စားမှာကို မဖြစ်စေချင်ဘူး။

ဒီတော့ သူက မရေမရာ ယောင်တိယောင်ဝါး  ဖြေလိုက်တယ်။

"သူငယ်ချင်းတွေပါပဲ"

Boyfriendဆိုတာလည်း Friendအမျိုးအစားထဲက တစ်ခုလို့ယူဆလို့ရတာပဲ ဟုတ်တယ်မလား။ သူက နည်းနည်းတော့ အပြစ်ရှိသလို ခံစားလိုက်ရတယ်။

ဘာပဲဖြစ်ဖြစ် ချန်းလီဝမ်က သူ့ကို နည်းနည်းလေးတောင် သံသယမဖြစ်မိဘူး။ သူ့မျက်နှာပေါ်မှာ အားကျတဲ့အရိပ်အယောင်တွေတောင်ပေါ်လာသေးတယ်။

ဟယ်ချန်းမင်က အေးစက်စက်နိုင်တဲ့ လေလုံးထွားဟန်များတဲ့ ရွံစရာကောင်လို့ မနှစ်တုန်းက သူတစ်ခါ အတင်းတုပ်ဖူးတယ်။အဲ့စကားက ဘယ်လိုပျံ့သွားလဲတော့မသိဘူး။ ဒါပေမဲ့ အဲဒီည သူစက်ဘီးလေးစီးပြီး အိမ်ပြန်တော့ ဟယ်ချန်းမင်က သူ့ဆီလျောက်လာတာကိုမြင်လိုက်တယ်။သူက ဟယ်ချန်းမင်တော့ သူ့ကို ထိုးဖို့လာတာပဲလို့တွေးပြီး အမြန်လှည့်ပြေးဖို့လုပ်တယ်။ ဒါပေမဲ့မမျှော်လင့်ထားစွာပဲ အဲဒီအကွေ့ဘက်မှာ အဆင်းလှေကားရှိနေပြီးတော့ သူလည်း အချိန်မှီ ဘရိတ် မအုပ်နိုင်ခဲ့ဘူး။

ဟယ်ချန်းမင်သာ သူ့စက်ဘီးနောက်ထိုင်ခုံကို လှမ်းဖမ်းဆွဲမထားဘူးဆိုရင် သူလည်း စက်ဘီးနဲ့အတူ လိမ့်ကျသွားတော့မှာ။

အဆုံးမှာ သူပြုတ်ကျပြီး အရိုးကျိုးသွားတယ် ဆိုပေမဲ့လည်း အနည်းဆုံးတော့ အသက်ရှင်ခဲ့တယ်လေ။

ဒီတော့ သူက ဟယ်ချန်းမင်ကို အတော်ကျေးဇူးတင်သွားတာ။ကံမကောင်းစွာပဲ ကျောင်းကလူတွေက ကောလဟာလတွေကို ယုံပြီးတော့ ဟယ်ချန်းမင်က သူ့ကိုရိုက်လိုက်လို့သာ ဆေးရုံရောက်သွားတာလို့ အခိုင်အမာ ဆိုနေတော့တာပဲ။ တကယ်တမ်းကျ သူက သူ့ဟာသူ လိမ့်ကျတာလေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now