Ch8 - ဟယ်ချန်းမင်က ချိန်းတွေ့နေတယ်

13.3K 2.3K 95
                                    

Zawgyi

What Should I Do if the School Bully is Interested in Me




ကျိလျောင်ကစာသင်ခန်း ရှိရာဆီ တစ်ဟုန်ထိုး ပြေးတော့တယ်။

ကြောက်စရာကောင်းလိုက်တာ။ သူ ဟယ်ချန်းမင်ကြောင့် ကွေးလုနီးပါးဖြစ်နေပြီ။

သူ့ထိုင်ခုံမှာ ဖင်လေးထိုင်ချရုံပဲ ရှိသေးတယ်။ အသက်တောင် ဝအောင် မရှုရသေးဘူး။ သူ့နောက်က ခုံမှာထိုင်တဲ့ ကောင်မလေးက သူ့ပုခုံးကို လာတို့တယ်။ကျိလျောင်က ခေါင်းလှည့်ကြည့်လိုက်တော့ ကောင်မလေးက သူ့ကို ရေဘူးကမ်းပေးတယ်။

ကျိလျောင်က ခဏလောက် ကြောင်အ ပြီးသွားမှ မငြင်းဆန်တော့ပဲ ပြောလိုက်တယ်။

"ကျေးဇူးပါပဲ"

သူက ဖော်ဖော်ရွေရွေ မရှိတာမလို့ သူ့အတန်းဖော်တွေနဲ့ဆို သာမန် ဆက်ဆံရေးပဲ ရှိတာ။ ပြီးတော့ မိန်းကလေးတွေနဲ့ဆိုရင် ပိုလို့တောင်ဆိုးသေး။ အလွန်အကြူးပြောရရင်တော့ နှစ်ပေါင်း ရှစ်ရာလောက် စကားမပြောဖူးသလိုပါပဲ။ ရုတ်တရပ် မိန်းကလေးတစ်ယောက်ဆီက စေတနာနဲ့ ပြုမူပေးတာခံလိုက်ရတော့ သူက ရှိုးတိုးရှန့်တန့်ဖြစ်သွားတယ်။

ဒီကောင်မလေးနာမည်က ရွှီရှောင်ကျင့်တဲ့။ သူ့အမြင်ကို ပြောရရင်တော့ သူမက သွက်လက်တယ်။ တက်ကြွတယ်။ ပြီးတော့ စကားလည်း များတယ်။

"ရပါတယ်ဟ"

ရွှီရှောင်ကျင့်က သူ့ကို မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်ရင်းကြည့်နေတယ်။ သူမက ကျိလျောင်တစ်ယောက် ရေသောက်ပြီးတော့ ခုနက အခြေအနေထက် သက်သာလာတာကိုမြင်တော့ နီးသွားအောင် တိုးကပ်လိုက်ရင်း မေးလိုက်တယ်။

"ကျိလျောင် နင်နဲ့ အခန်း၂ က ဟယ်ချန်းမင်က အရမ်း ရင်းနှီးတာပဲလား"

ကျိလျောင်နှလုံးက ဒုတ်ခနဲ ခုန်သွားပြီးတော့ သူပထမဆုံး တွေးမိလိုက်တာက တော့ ဟယ်ချန်းမင် ငါ့ကို နမ်းလိုက်တာကို တစ်ယောက်ယောက် မြင်သွားတာလား။

သူ ရုတ်တရပ်ကြီး ပျာယာခတ်သွားတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်မှာလဲ။ သူအဲဒီတုန်းက ပတ်ဝန်းကျင်ကို သေချာ ကြည့်ခဲ့တုန်းက ဘယ်သူမှ မရှိခဲ့ဘူးလေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now