Side Story 10 (Gu❤️Lin)

5.9K 1K 96
                                    

Unicode

What Should I Do if the School Bully is Interested in Me

Ch100 - Side Story 10 – I Think You Want to Eat Me (Gu Ming Ren x Lin Jiang)

ဘဏ္ဍာရေးမေဂျာက ပထမနှစ်တွေအကုန်လုံးက မြင့်မားတဲ့အိုင်ကျူနဲ့ ကြည့်ကောင်းတဲ့ရုပ်သွင်ပိုင်ဆိုင်ထားတဲ့ သခင်ကုဟာ ကျန်တဲ့အတန်းချိန်တွေသာပျက်ရင်ပျက်မယ်။ကိုယ်ကျင့်တရားပညာရေး အတန်းချိန်ကိုတော့ ခြွင်းချက်အနေနဲ့မပျက်ကြောင်း သိထားကြတယ်။ ကောလဟာလတွေအရ အဲ့ဒီအတန်းချိန်က သူ့ချစ်သူလေးတက်လို့လိုက်တက်တာဆိုပဲ။

ချစ်သူလေးဟာ ရှေးဟောင်းသုတေတနဋ္ဌာနရဲ့ အဆိုးရွားဆုံးဖျော်ဖြေသူအဖြစ် တူးဖော်ခြင်းခံလိုက်ရတယ်။ အကြောင်းကတော့ သူ့မှာ ထူးခြားတဲ့ရုပ်ရည်သွင်ပြင်မရှိတာကြောင့် ဘဏ္ဍာရေးမေဂျာက မိန်းကလေးတွေက ကုမင်းရန်ခမျာ ကိုယ်နဲ့မထိုက်တဲ့လူနဲ့တွဲနေရှာရတာပဲလို့ အခိုင်အမာယုံကြည်ထားကြတယ်။

ထိုအချိန်မှာ လင်းကျန်ကတော့ နို့လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး ဝက်ဘ်ဖိုရိမ်ကို ပျင်းပျင်းရိရိနဲ့မွှေနှောက်နေမိတယ်။

နောက်ဆုံးတော့ သူ သူ့မင်ကောနဲ့ကျိလျောင်တို့လိုလူမြင်ကွင်းမှာချစ်ကြင်နာပြတဲ့အကျိုးဆက်ရဲ့ အုတ်အော်သောင်းတင်းကို တွေ့ကြုံဖူးသွားခဲ့ပြီ။လူတွေက ဘယ်လိုလုပ်သူ့ကို မြေခွေးမိစ္ဆာဝင်စားတာလို့ပြောရက်ကြတာတုန်း။ လင်းကျန် ရယ်သာချလိုက်ချင်တယ်။ ဒီလိုဂုဏ်ပုဒ်မျိုးလက်ခံရမယ့်နေ့ရှိလာမယ်လို့ တစ်ခါမှ ထင်မထားမိခဲ့ဘူး။

စားပွဲပေါ်ကိုနှစ်ချက်ခေါက်သံထွက်လာတော့ လင်းကျန်က ဖုန်းကိုအမြန်ဖွက်လိုက်တယ်။ သူ့အပြုံးတွေက စပြုံးဖို့ဟန်ပြင်လိုက်ပေမယ့် ထိုလူကိုမြင်မြင်ချင်းမှာပဲ ပြန်တည်ပစ်လိုက်တယ်။

"မင်းကဘာလို့ လာတာတုန်း"

ကုမင်းရန်က မီနူးကိုကြည့်ရင်း သိမ်မွေ့စွာဆိုတယ်။

"ကိုယ်ကဘာလို့မလာရမှာလဲ"

သူ့ချစ်သူလေးက သူ့ထက်အလုပ်ရှုပ်နေပြီး သူ့ကို ဘယ်တော့မှအရင်လာမရှာဘူးလေ။ဒီတော့ ဒါပေါ့သူပဲရောက်လာရတော့တာပေါ့။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now