Ch41 - If You're Not Stupid, Would You Still Date a Boy?

9K 1.5K 41
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch41 - If You’re Not Stupid, Would You Still Date a Boy?

ဟယ်ချန်းမင်က သူ့ရဲ့ စိုးရိမ်တကြီး အမူအယာလေးကြောင့် ထိခိုက်ခံစားသွားရတယ်။ သူ့နှလုံးသားတွေကတော့ တစ်ဆစ်ဆစ်နဲ့ နာကြင်နေရပြီ။

သူက ကျိလျောင်ကို အထဲကို ဆွဲသွင်းရင်း သူ့အကြည့်တွေက ဘေးနှစ်ဖက်မှာ ချထားတဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ထားတဲ့ လက်သီးဆုပ်တွေဆီ ရောက်ရှိသွားတယ်။ အဲ့ဒီအမူအယာက သူ့အတွင်းစိတ်က စိုးရိမ်ပူပန်နေတာကို ပြနေသလိုပါပဲ။

"မကြောက်ပါနဲ့ ကိုယ်ရှိတယ်"

ဘာတွေ ဖြစ်လို့လဲ ဆိုတာကို မေးဖို့ သူ့နှုတ်ခမ်းကနေ စကားလုံးပေါင်း တစ်ထောင်လောက် ခုန်ထွက်ချင်နေပေမဲ့လည်း အဆုံးမှာတော့ ခိုင်ခိုင်မာမာ ကတိပေးတဲ့ တစ်ခွန်းသာထွက်လာတော့တယ်။ သူဒီမှာရှိနေပြီမလို့ ကျိလျောင် ဘယ်တော့မှ အထီးမကျန်စေရတော့ပါဘူးလေ။

ဟယ်ချန်းမင်က ကျိလျောင်ကို သူ့လက်မောင်းတွေကြားထဲ ဆွဲသွင်းတယ်။ ကျိလျောင်ရဲ့ ခန္ဓာကိုယ်က အရမ်းအေးစက်နေတယ်။ အေးလွန်းအားကြီးလို့ သူ့နှလုံးသားတွေတောင် တုန်ယင်နေတယ်။

သူက ကျိလျောင်တစ်ယောက်  အိမ်ကိုဖွင့်ပြောခဲ့ပြီပဲလို့ ခန့်မှန်းမိသွားတယ်။ မဟုတ်ရင် သူမသားကို အရမ်းချစ်လှတဲ့ ရွှီအိုက်ဝမ်က သူ့သားကို မောင်းထုတ်မှာ မဟုတ်ဘူးလေ။

ကျိလျောင်က ဟယ်ချန်းမင်ရဲ့ လည်တိုင်နားမှာ ခေါင်းမှီထားတယ်။ လမ်းမှာတုန်းက သူအရမ်းကြောက်နေခဲ့တာ။ သူ့မှာရှိသမျှ သတ္တိအကုန်သုံးပြီး ရွှီအိုက်ဝမ်ကို ဝန်ခံခဲ့ပြီးပြီ။ အဲ့ဒီအဓိပ္ပါယ်က သူနောက်ကြောင်းပြန်လှည့်ဖို့ လမ်းကြောင်းတွေကို ဖြတ်တောက်ခဲ့ရပြီလို့ ဆိုလိုတာပါပဲ။ ခုတော့ သူ့မှာ ရှိတာဆိုလို့ သူ့အရှေ့မှာ ရပ်နေတဲ့ ဒီလူသားပဲ ရှိတော့တယ်။

ထိုသူ့ရဲ့ နွေးနွေးထွေးထွေး ခန္ဓာကိုယ်ကို ပွတ်သပ်တိုးဝှေ့နေတုန်းမှာ သူက ဟယ်ချန်းမင်ရဲ့ အက်ရှရှ အသံကို နားထဲမှာ ကြားလိုက်ရတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now