Ch32.1 - Let Me Hear You Call Me Daddy

9.7K 1.6K 10
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch32.1 - Let Me Hear You Call Me Daddy

ဟယ်ချန်းမင်က ကျစ် ခနဲ စုပ်သပ်ရင်း သူ့ကို ဘာမှ ထပ်ပြောခွင့်မပြုလေတော့ဘူး။

ကျိလျောင်လည်း လိမ်လိမ်မာမာနဲ့ပဲ ပါးစပ်ပိတ်ထားလိုက်တယ်။ ပြီးတော့ နှစ်ယောက်သားက တိတ်ဆိတ်သွားကြပြန်တယ်။

ရုတ်တရပ် ကျိလျောင် ဗိုက်ထဲကနေ ဂွီ ဆိုတဲ့အသံကြီး ထွက်လာတယ်။ သူက ညကတည်းက ဘာမှမစားခဲ့ရတာကို အမှတ်ရမိသွားတယ်။ ခုတော့ သေမတက်ဆာနေပြီလေ။

"မင်း မနက်စာ မစားခဲ့ဘူးလား"

ဟယ်ချန်းမင်က မျက်မှောင်ကြုံ့သွားတယ်။ပထမတော့ အထိုးခံရတယ်။ ခုကျတော့ အစားအသောက်ကိုတောင် သေချာ မစားတော့ဘူးလား။

"မင်းကိုတွေ့ဖို့အရမ်းတွေ စိတ်လှုပ်ရှားနေတော့လေ မနက်စာ စားဖို့တောင်မေ့လာတယ် ဟားဟား"

ကျိလျောင်က ပါးပါးနပ်နပ်နဲ့ ပြုံးရယ်ပြရင်း အရူးလုပ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမဲ့လည်း သူ့အမူအယာက အတော်လေးကို သဘာဝမကျ ဖြစ်နေပြီးတော့ နှုတ်ခမ်းက ဒဏ်ရာက နာနေတာကိုတောင့်ခံဖို့ကြိုးစားနေတယ်ဆိုတာ သိသာလွန်းနေတယ်။

ဟယ်ချန်းမင်က အဲဒါကိုမြင်တော့ စိတ်လည်း မကောင်းသလို စိတ်လည်းဆိုးသွားတယ်။ ဒါပေမဲ့လည်း သူပြောလိုက်တာက

"မရယ်နဲ့တော့!" ဆိုတာလေးပဲ ဖြစ်တယ်။

ကျိလျောင်က နှုတ်ခမ်းဆူပြီး ပါးစပ်ပိတ်သွားတယ်။

သူတို့တွေ ကားပေါ်က ဆင်းတော့ ဟယ်ချန်းမင်က ကျိလျောင်ကို သွားနှင့်ဖို့ပြောလိုက်တယ်။ကျိလျောင်က ခေါင်းငြိမ့်ပြလိုက်တယ်။ ပြီးတာနဲ့ သူက အငွေ့ထောင်းထောင်းထနေတဲ့ဘန်းမုန့်နှစ်ခု ဝယ်ဖို့အရေး ဘေးဘီဝဲယာကို ထောက်လှမ်းလိုက်သေးတယ်။အတန်းထဲရောက်တော့ ချန်းလီဝမ်ရယ် လီယုံရှင်းရယ်က သူ့ကိုစောင့်နေတာကို တွေ့လိုက်ရတယ်။

ကျိလျောင်နှုတ်ခမ်းက အနာကိုမြင်တော့ သူဟာ လက်တုံ့ပြန်ခံလိုက်ရတယ်ဆိုတာ သူတို့သိလိုက်ပြီးတော့ ဒေါသတွေ ထွက်ကုန်ကြတယ်။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now