Ch26.2 - မျက်လုံးမှိတ်လို့ အိပ်ချင်ယောင်ဆောင်လိုက်တယ်

10.6K 1.7K 12
                                    

Zawgyi

What Should I Do if the School Bully is Interested in Me



သူတို့နှစ်ယောက် ကျောင်းရောက်တော့ ရွှီရှောင်ကျင့်က ကျိလျောင်အခန်းထဲ မဝင်ခင် လှမ်းဆွဲထားလိုက်တယ်။
 
သူမက နည်းနည်းတော့ ရှိုးတိုးရှန့်တန့်ဖြစ်နေတယ်။ ကျိလျောင်များ စကားစပြောမလားလို့ စောင့်ကြည့်နေတယ်။ ဒါပေမဲ့ သူက စကားမစတော့ ရွှီရှောင်ကျင့်လည်း  သတ္တိတွေစုစည်းပြီး အသက်ပြင်းပြင်းရှုလို့ ထုတ်မေးလိုက်ရတယ်။

"ကျိလျောင် နင် ငါ့စာအုပ်ကို မြင်ပြီးသွားပြီလား"

ဒီစာအုပ်က သူမဝယ်ရုံလေးတင် ဝယ်ထားရသေးတဲ့ collector's editionမလို့ ပြန်ရမှဖြစ်မယ်။ မဟုတ်ရင် သူမရဲ့အကြိုက်ဆုံးစာရေးဆရာကို စိတ်ပျက်အောင်လုပ်သလိုဖြစ်သွားလိမ့်မယ်။

"စာအုပ်? ဟုတ်လား?"

ပထမတော့ ကျိလျောင်က ငေးတိငေးကြောင်ကြည့်နေပြီးမှ ဟို erotic စာအုပ်ကို တွေးမိသွားတယ်။ တကယ်ပဲ ရွှီရှောင်ကျင့် စာအုပ် ဟုတ်ပါ့မလား..။

သူမနေ့ညက စာအုပ်ဖတ်တော့ စာလုံးသုံးလုံးနဲ့ရေးထားတဲ့ Noteလေးကို တွေ့မိသေးတယ် : လုပ်လိုက်တော့ တဲ့။

တစ်မျိုးကြီးပဲ။

"ဟိုဟာလေ နေ့ရောညပါအနိုင်ကျင့်တဲ့ ဥက္ကဋ္ဌ ဆိုတဲ့ စာအုပ်လေ"

ရွှီရှောင်ကျင့်က တိုးတိုးလေးပြောပြီးတော့ နောက်ထပ်စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်တယ်။

"တကယ်တော့ ငါနင့်ကိုပေးချင်တာ ဒီစာအုပ်ဟ။ A Hundred days of Husbsnds in love တဲ့။ ငါနင့်ကို စာအုပ်ချင်းမှားပေးမိတာ။"

သူမလည်း အတော်လေးကို ကသိကအောက်ဖြစ်နေတယ်။ဒီစာအုပ်က လက်လွတ်စပယ် လုပ်ချင်ရာလုပ်တတ်တဲ့ ဥက္ကဋ္ဌအကြောင်း ရေးထားတာဆိုတော့ ကျိလျောင် ဖတ်ပြီးလား မပြီးလားလဲ သူမ မသိဘူး။ ဘာပဲ ဖြစ်ဖြစ် သူမလည်း မိန်းကလေးတစ်ယောက်ပေမို့ ဒီလို အမှားမျိုးကြီးက အတော်ရှက်စရာကောင်းတယ်လေ။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Dove le storie prendono vita. Scoprilo ora