Zawgyi
What Should I Do if the School Bully is Interested in Me
Ch63 - Go Break Up with Your Little Lover
သူက ဟယ်ယွဲ့ကျင်းနောက်ကနေ စီးပွားရေးလုပ်ငန်းအတွက် အသစ်စက်စက်ဖွင့်လှစ်ထားတဲ့ အခန်းထဲကို လိုက်လာခဲ့တယ်။
ထိုသူ့မျက်နှာမှာ လေးနက်ပြင်းထန်တဲ့အမူယာတို့ ဆက်လက်ရှိနေတုန်းပဲ။ စားပွဲပေါ်မှာတော့ သူနဲ့ ကျိလျောင်ရဲ့ အချက်အလက်အကြောင်းအရာတွေ ရှိလို့နေပြီးတော့ ထိုသူက အဲ့ဒီစားပွဲရဲ့ နောက်ကခုံမှာ ခန့်ညားထည်ဝါစွာနဲ့ ထိုင်နေလေတယ်။
ဟယ်ချန်းမင်ကတော့ မျက်နှာမှာ အံ့အားတသင့်ဟန်တွေ ပြမနေပဲ စိုက်ကြည့်လိုက်ပြီးမှ ဆိုဖာနောက်ကို ပေါ့ပေါ့ပါးပါး မှီလိုက်ရင်း မေးမြန်းလိုက်တယ်။
"ဘာကိစ္စရှိလို့လဲ"
ဟယ်ယွဲ့ကျင်းက လူရည်လည်ပါးနပ်တဲ့မျက်လုံးတွေနဲ့ အကဲဖြတ်ကြည့်လိုက်တော့ သူ့သားဟာ အတော့်ကို အရပ်မြင့်နေပြီပဲဆိုတာ သတိထားမိသွားတယ်။ သူက ပြောချင်တဲ့မေးခွန်းကို တည့်တည့်ပဲမေးချလိုက်တယ်။
"ဘယ်ချိန်ကတည်းကလဲ။ အဲ့ကောင်လေးနဲ့တွဲနေတာ"
အဲ့ကောင်လေးဆိုတာ ကျိလျောင်ကို ရည်ညွှန်းတာဖြစ်တယ်။
ဟယ်ချန်းမင်ကတော့ ဘာမှ ဖုံးကွယ်ထားစရာမလိုဘူးလို့ ခံစားမိတာကြောင့် ဒဲ့ပဲ ပြောလိုက်တော့တယ်။
"လွန်ခဲ့တဲ့ အောက်တိုဘာတုန်းက။ ၆လလောက်ရှိပြီ"
ဟယ်ယွဲ့ကျင်းက စားပွဲပေါ်က အချက်အလက်တွေကို လှမ်းကြည့်လိုက်တော့ အောက်တိုဘာ ဆိုတာက သူ့သားက စတော့ရှယ်ယာဈေးကွက်ကို စတင်ခြေလှမ်းတဲ့ အချိန်ပဲ ဆိုတာ သိသွားတယ်။ သူဟာ အစောကြီးကတည်းက ကြိုတင်စီစဉ်ထားတယ်ဆိုတာ သေချာပေါက်ပဲ။ ကိစ္စတွေကိုလည်း ဒီနေ့ထိ တိတိကျကျလုပ်ဆောင်နိုင်ပြီးတော့ အမှားကလည်း တစ်ခုတစ်လေတောင် မရှိစေဘူးဆိုတာ သေချာလို့နေတယ်။
သူဟာ ၁၇နှစ်သား ဆိုပေမယ့် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စီစဉ်ထိန်းချုပ်နိုင်တယ်ဆိုတာမျိုးက စတော့ရှယ်ယာဈေးကွက်နဲ့ ပတ်သက်ပြီး ကောင်းချီးပေးခံရတဲ့အလား သေချာပေါက်ကို စွမ်းဆောင်ရည်တွေ ရှိတယ်ဆိုတာ သံသယဖြစ်စရာမလိုအောင် ပြသလို့နေတယ်။
![](https://img.wattpad.com/cover/225322412-288-k650691.jpg)
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။