Ch34.1 - Come on, Your Boyfriend Will Carry You

10.5K 1.6K 42
                                    

Zawgyi

What Should I Do if the School Bully is Interested in Me

Ch34.1 - Come on, Your Boyfriend Will Carry You

ဘက်စကတ်ဘော ပြိုင်ပွဲကတော့ အချိန်ဇယားအတိုင်း ဆက်ကျင်းပနေလေတယ်။
 
ကျိလျောင်က အခန်း ဆယ့်နှစ်ရဲ့ ကိုယ်စားပြုအနေနဲ့ မဲနှိုက်ရတယ်။ ကံမကောင်းစွာနဲ့ပဲ သူက အခန်း ၆နဲ့ ယှဉ်ပြိုင်ဖို့ကို မဲနှိုက်မိသွားတယ်။ သူက ရန်သူတွေကို ရှောင်လို့မရတော့ဘူးပဲလို့ ခံစားမိသွားတယ်။

သူ မဲနှိုက်ပြီး ပြန်လာတော့ ချန်းလီဝမ်နဲ့ လီယုံရှင်းတို့က တစ်ယောက် ပခုံးကိုတစ်ယောက်မှီရင်း ငိုချတော့မတက် တုန်လှုပ်နေကြတာကို မြင်လိုက်ရတယ်။

အခန်းခြောက်က ညစ်ပြီးကစားတဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတာကြောင့် ကောင်းရှန့်က ကစားပွဲမှာ မပါရတော့ဘူး ဆိုရင်တောင် သူတို့က စိုးရိမ်နေကြတုန်းပါပဲ။ ကြောက်စရာပိုကောင်းတာက အခန်းခြောက်က လူတွေအနေနဲ့ ပြိုင်ပွဲအတွင်းမှာ လက်တုံ့ပြန်ဖို့ အခွင့်အရေး ရသွားမှာကိုပါပဲ။သူတို့တွေက ကျိလျောင်ကို ဂရုစိုက်ဖို့နဲ့ ကျန်တာအားလုံးထက် ဘေးကင်းဖို့သာ ပထမဖြစ်ကြောင်း သတိပေးလိုက်ကြတယ်။

ပရိတ်သတ်တွေ ထိုင်တဲ့ ထိုင်ခုံမှာတော့ လင်းကျန်က ဟယ်ချန်းမင်နဲ့ အဆက်မပြတ်ကို  စကားပြောနေလေတယ်။

"အခန်းခြောက်က ဆန်ကုန်မြေလေး အုပ်စုက ညစ်ပတ်တဲ့ လှည့်စားမှုတွေလုပ်ရတာကို တကယ် သဘောကျပုံပဲ။ အခန်း ဆယ့်နှစ်က လူတွေ အတွက် အတော်လေး အန္တရာယ်များမယ်လို့ ကျွန်တော်တော့ ထင်တာပဲ"

ဟယ်ချန်းမင်က သူ့ကို ပါးစပ် ပိတ်ထားဆိုတဲ့ အဓိပ္ပါယ်နဲ့ တစ်ချက်စောင်းကြည့်ပေးလိုက်တယ်။

ကုမင်းရန်က အဲဒီမြင်ကွင်းကိုမြင်တော့ အနားကိုလာပြီး သူတို့နှစ်ယောက်ကြားမှာ မသာမယာနဲ့ ဝင်ထိုင်လိုက်တယ်။အရင်တစ်ခါက ရုပ်ရှင်ရုံမှာ သူ လင်းကျန်ကို အတင်းအကြပ် နမ်းပြီးကတည်းက လင်းကျန်က သူ့ကို အမြင်မကြည်တော့တာပဲ။ လင်းကျန်ကတော့ ကုမင်းရန်က စိတ်ဖောက်ပြန်နေပြီလို့တောင် ထင်နေမိတယ်။ သူက ဟယ်ချန်းမင်နဲ့ အရာရာတိုင်းကို ယှဉ်ပြိုင်ချင်နေတော့တာပဲ။ ဟယ်ချန်းမင်က လိင်တူချင်း ကြိုက်တယ် ဆိုတာနဲ့ပဲ သူကပါ လိင်တူချင်း လိုက်ကြိုက်နေတယ်။ တကယ်လို့ သူကြိုက်ချင်ရင်လည်း ကြိုက်ပေါ့လေ။ဒါပေမဲ့ ကုမင်းရန်က ဘာလို့များ သူ့ကို ဆွဲထည့်ရတာလဲ။ သူမှ ဂေး မဟုတ်ပဲနဲ့။

ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]Where stories live. Discover now