Unicode
What Should I Do if the School Bully is Interested in Me
Ch125 - Extra 6 – During the Wedding 2 (Gu Ming Ren x Lin Jiang)
နော်ဝေးရဲ့ ဇူလိုင်လဟာ သက်တော့သက်သာရှိပြီး သာယာတဲ့အပူချိန် ရှိလေတယ်။
လင်းကျန်က သတို့သားဝတ်စုံကို ဝတ်ဆင်ထားတယ်။အဲ့ဒါက သူနဲ့ကွက်တိကျပြီးတော့ သူ့ကို ထူးခြားစွာပဲ မြင့်မားပြီး မတ်ထည်သွားစေတယ်။သူ့ရဲ့ပင်ကိုယ်စရိုက်တွေကတောင်မှ အများကြီးတည်ငြိမ်လို့နေတယ်။သူက မှန်ရှေ့မှာ အနည်းငယ် တွေဝေနစ်မျောစွာ ရပ်နေမိတယ်။ သူ့ရဲ့နှလုံးခုန်သံတွေက မရပ်မနားကို ခုန်ပေါက်နေပြီးတော့ လက်ဖဝါးတွေမှာလည်း ချွေးတွေစို့လာတယ်။
လင်းကျန်က သူ စိတ်မလှုပ်ရှားလောက်ပါဘူးလို့ တွေးထားခဲ့တာ။ ဒါက လက်ထပ်ပွဲလေးပါပဲ။ လုပ်ရိုးလုပ်စဥ် အခမ်းအနားလေးပါပဲလို့ တွေးခဲ့တာ။ဒါပေမယ့် တကယ့်အချိန်ကျလာတော့ သူတကယ်ပဲ အထိတ်ထိတ်ပျာပျာ ဖြစ်လာတယ်။
ထိုစဥ်မှာပဲ ကျိလျောင်က တံခါးကို တွန်းဖွင့်ကာ မျက်နှာမှာအပြုံးလေးနဲ့အတူဝင်လာတယ်။
"မင်း အရမ်းတွေ စိတ်လှုပ်ရှားနေတာလား။ ခြေထောက်တွေ တုန်နေတယ်"
လင်းကျန် ကမန်းကတမ်းခေါင်းငြိမ့်ပြရင်း သူ့ကိုမေးလိုက်တယ်။"ပွဲစတော့မှာလား"
"စခါနီးပြီ"
လင်းကျန်က သူ့လက်ထဲက သော့ကို ကမ်းပေးလိုက်တယ်။
"မင်္ဂလာလက်ဖွဲ့"
လွန်ခဲ့တဲ့ခြောက်လလောက်တုန်းက ကုမင်းရန်က A မြို့ရဲ့ အစွန်ဘက်မှာ မြေကွက်ဝယ်ထားခဲ့တယ်။ အဲ့ဒီနေရာမှာ အခြေချဖို့ရည်ရွယ်ထားတာကြောင့် သူက ကျိလျောင်ကိုရှာပြီး ဗီလာဒီဇိုင်း ဆွဲစေခဲ့တယ်။ခြောက်လနီးပါးအတော်တွင်းမှာပဲ ကျိလျောင်က အိမ်ကို ကူဆောက်ပေးရုံတင်မကပဲ အိမ်တွင်းအလှဆင်တာကိုပါ ကူညီပေးခဲ့တယ်။အခု တစ်ဖက်လူကို သော့ကမ်းပေးရတဲ့အချိန်မှာတော့ သူဟာ အကောင်းဆုံးကြိုးစားပေးခဲ့တာကို စဥ်းစားမိသွားရတယ်။
လင်းကျန် အသက်ပြင်းပြင်းတစ်ချက်ရှုရင်း ကျိလျောင်နဲ့အတူ ထွက်လာခဲ့လိုက်တယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။