Unicode
What Should I Do if the School Bully is Interested in Me
Ch105 - Side Story 15 – Something Interesting (Gu Ming Ren x Lin Jiang)
"ခေါ်ကြည့်လိုက်လေ"
လင်းကျန် စမ်းသပ်တဲ့အနေနဲ့ ပြောလိုက်တယ်။
ကုမင်းရန်က ဖုန်းခေါ်ရင်း စပီကာပါ ဖွင့်ထားလိုက်တယ်။ အကြောင်းအရင်းတစ်ချို့ကြောင့် သူ့ဖုန်းထဲ နံပါတ်အပိုတစ်ခု ရှိလာတဲ့အပေါ်မှာ သူလည်း ဒီကိစ္စအတွက် ဘယ်သူတာဝန်ရှိနေလဲ သိချင်မိတယ်။
ဖုန်းကနေ သက်ဝင်မြူးကြွတဲ့သီချင်းသံတွေထွက်လာရင်း တစ်စုံတစ်ယောက်က ဒုတိယအကြိမ်မြည်လာတဲ့အခါမှာတော့ ကောက်ကိုင်လိုက်လေတယ်။
"မနက်စောစောစီးစီးကို ငါ့ကိုဖုန်းခေါ်နေတယ်ပေါ့ သေချင်နေလား!"
အဲ့ဒါ ဒေါသထွက်နေတဲ့ မိန်းမတစ်ယောက်အသံပဲ။
လင်းကျန် နားတွေကလျှင်တယ်။ ချက်ချင်းပဲ အဲ့ဒီအသံကို သူမှတ်မိသွားတယ်။သူ ခပ်တိုးတိုး မေးလိုက်တယ်။
"ကြည့်ရတာ ကျန်းဝေများလား"
"ဟုတ်တယ် ငါပဲ နင်က ဘယ်သူလဲ"
ပျော်တစ်ဝက် နိုးတစ်ဝက်နဲ့ပဲ ကျန်းဝေ မျက်လုံးတွေကို အနည်းငယ်ဖွင့်ကြည့်လိုက်တယ်။ ခေါ်ဆိုသူ IDကိုမြင်တော့ သူမ ဒေါသတွေကို အတင်းမြိုချရင်း အင်တင်တင်နဲ့ မေးလိုက်တယ်။
"ရှောင်မင်းရန်...ကျယ်ကျဲကို သတိရလို့လား"
ကုမင်းရန် ပြတ်ပြတ်သားသားပဲ ဖုန်းချပစ်တယ်။ Blacklistထဲ ထည့်ပြီးတော့ deleteပါ လုပ်ပစ်လိုက်တယ်။ သွက်သွက်လက်လက်လုပ်သွားတဲ့ အပြုအမူအတွဲလိုက်ကြီးကြောင့် လင်းကျန် ကြက်သေ သေသွားရတယ်။
"ဒီဖုန်းနံပါတ် ဘယ်လိုလုပ်ရောက်လာလဲ ကိုယ်တကယ်မသိဘူး။ လွန်ခဲ့တဲ့နှစ်ရက်က ကိုယ့်ဖုန်းက အသိမ်းခံထားရတာလေ"
ကုမင်းရန်က အလေးအနက်ရှင်းပြနေရင်း သူ့ရဲ့ကြီးမားတဲ့လက်တစ်ဖက်ကလည်း လင်းကျန်ခါးကို နှိပ်နယ်ပေးနေတယ်။လင်းကျန်က သူ့ရဲ့ ယဉ်ပါးပြီး နာခံလိမ္မာတဲ့ ပုံစံကြောင့် အတော်ကြီးပျော်သွားတယ်။
YOU ARE READING
ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(ဘာသာပြန်) [Completed]
Romanceမူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပိုင်ခွင့်အားလုံးသည်မူရင်းစာရေးသူနှင့်သာ သက်ဆိုင်ပါကြောင်း အင်္ဂလိပ်ဘာသာပြန်ဆိုသူ၏ခွင့်ပြုချက်ရရှိပြီးဖြစ်ပါသည်။